နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Nokia 6300 4G နှင့် Nokia 8000 4G တို့ကို HMD Global ကြေညာ

နိုဝင်ဘာ  ၂၁

4G ဗားရှင်းအဖြစ် ထွက်ရှိလာသည့် Nokia 6300 4G နှင့် Nokia 8000 4G ဖုန်းများကို KaiOS အသုံးပြုထားပြီး WhatsApp ၊ Google Maps နှင့် Assistant တို့ကဲ့သို့ apps များ ပါဝင်လာသည်။ Keypad ဒီဇိုင်းမျိုးဖြစ်ပြီး ကျောဘက်တွင် ကင်မရာတစ်လုံးစီ အသုံးပြုထားသည်။

Nokia 6300 4G သည် ၂၀၀၆ ဗားရှင်းဖြင့် တစ်ပုံစံတည်းဖြစ်ပြီး Nokia 8000 4G က ယခင် 8000 series ဖုန်းများကဲ့သို့ Slide-out Keypad ဒီဇိုင်းမျိုး မဟုတ်ဘဲ Nokia 6300 4G သည် screen size ၂ ဒသမ ၄ လက်မ LCD display ဖြင့် ပြန်လည်ထွက်ရှိလာပြီး screen ရုပ်ထွက် 320 x 240p ပါရှိသည်။ အဆိုပါဖုန်းတွင် FM radio receiver ၊ 3.5mm headphone jack နှင့် WiFi hotspot လုပ်ဆောင်ချက်များလည်း ထည့်သွင်းထားသည်။

ကိုယ်ထည်ကို ပလတ်စတစ်ဖြင့်ထုတ်ထားပြီး ကျောဘက်တွင် VGA ကင်မရာတစ်လုံး အသုံးပြုထားပြီး ဘက်ထရီပါဝါ 1500 သည် ဖြုတ်တပ်နိုင်သည့် Removable ဒီဇိုင်းဖြစ်ပြီး microUSB ကနေ အားသွင်းရခြင်း ဖြစ်သည်။ Nokia က 4G အသုံးပြုနေချိန် standby ၂၅ ရက်အထိ အသုံးခံနိုင်သည်။

Snapdragon 210 chipset ၊ internal storage 4GB ပါရှိပြီး microSD card နှင့် storage ထပ်တိုးနိုင်သည်။ Charcoal မီးသွေးဖျော့ ၊ အဖြူနှင့် စိမ်းပြာ သုံးရောင်ဖြင့်ထွက်ရှိလာပြီး ၄၉ ယူရို (မြန်မာငွေ ၇ သောင်းခွဲ) ခန့် ဈေးဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။ Nokia 8000 4G ကို ခရိုမီယံဖရိမ်ဒီဇိုင်း အသုံးပြုထားသည်။

၂ ဒသမ ၈ လက်မ QVGA ရုပ်ထွက်ပါရှိပြီး ကျောဘက်တွင် 2MP ကင်မရာဖြင့် ထွက်ရှိလာမည်ဖြစ်ပြီး Snapdragon 210 chipset ၊ 512MB RAM နှင့် 4GB storage ပါရှိပြီး storage ထပ်မြှင့်နိုင်မည်ဖြစ်သည်။ Nokia 8000 4G တွင်လည်း 1500 mAh ဘက်ထရီပါရှိပြီး Onyx Black ၊ Citrine Gold ၊ Opal White နှင့် Topaz Blue အရောင်များ ထွက်ရှိထားသည်။ ဈေးနှုန်းအနေဖြင့် ၇၉ ယူရို (မြန်မာငွေ ၁ သိန်း ၂ သောင်းကျော်) ဈေးဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

(WP)






အခြားဆက်စပ်သတင်းများ