နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှားတွင် ကမ်းကပ်ထားသည့် သင်္ဘောပေါ်၌ ကြက်တူရွေးအရှင်များကို ပလတ်စတစ်ဘူးထဲ ထည့်ထားကြောင်း တွေ့ရှိ

နိုဝင်ဘာ ၂၁၊ ဂျကာတာ

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ပါပူအာဒေသတွင် ကမ်းကပ်ထားသည့် သင်္ဘောတစ်စင်းပေါ်၌ ကြက်တူရွေး အရှင်များကို ပလတ်စတစ်ဘူးများအတွင်းထည့်ကာ ခိုးထုတ်ရန် ကြိုးပမ်းခဲ့ကြောင်း တွေ့ရှိခဲ့သည်။ သေတ္တာပုံးကြီးထဲမှ အသံတွေထွက်နေခြင်းကြောင့် မသင်္ကာသည့် သင်္ဘောအမှုထမ်းများက အဖုံးဖွင့်ကြည့်ချိန် တွင် ပလတ်စတစ်ဘူးများအတွင်း ထည့်ခံထားရသည့် ကြက်တူရွေးများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကြက်တူရွေးအရှင် ၆၄ ကောင်၊ အသေ ၁၀ ကောင် တွေ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ အဆိုပါ ကြက်တူရွေးများမှာ နယူးဂီနီနှင့် ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်း ကျွန်းများတွင် ကျက်စားလေ့ရှိသည့် ဦးခေါင်းအနက် ကြက်တူရွေးမျိုးစိတ်များဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်မှုခံနေရသည့် မျိုးစိတ်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံမှာ အာရှတိုက်တွင် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ရှိနေသည့် ငှက်မျိုးစိတ် အများဆုံးရှိရာ နိုင်ငံဖြစ်ပြီး ငှက်များကို တရားမဝင် ကုန်ကူးမှုလည်း မြင့်မားသည်။ ငှက်များကို ပြည်တွင်းငှက်ဈေးကွက်တွင် ရောင်းချသကဲ့သို့ ပြည်ပသို့လည်း ခိုးထုတ်ကြလေ့ရှိသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့နံနက်ပိုင်းက ဖက်ဖက်ဆိပ်ကမ်းမြို့တွင် တွေ့ရသည့် ကြက်တူရွေးများကို မည်သည့်ဒေသသို့ တင်ပို့ခြင်းဖြစ်ကြောင်း တိတိကျကျ မသိရသေးပေ။ ထို့အပြင် အဆိုပါဖြစ်ရပ်အတွက်လည်း မည်သူ့ကိုမျှ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။
အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၁၅ ခုနှစ်ကလည်း မျိုးသုဉ်းပျောက်ကွယ်မယ့် အန္တရာယ်ရှိနေတဲ့ ငှက်စာရင်းဝင် ကတ္တဝါငှက် ၂၁ ကောင်ကို ဘူးများထဲထည့်ပြီး ခိုးထုတ်ရန် ကြိုးပမ်းခဲ့သည့် အမျိုးသားတစ်ယောက်ကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ