နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Pfizer COVID-19 ကာကွယ်ဆေးကို အရေးပေါ်အခြေအနေအတွက် အသုံးပြုခွင့်ရရန် အမေရိကန် FDA ထံ လျှောက်ထား

နိုဝင်ဘာ ၂၁၊ ဝါရှင်တန်

Pfizer COVID-19 ကာကွယ်ဆေးကို အမေရိကန်နိုင်ငံတွင် အရေးပေါ်အခြေအနေအတွက် အသုံးပြုခွင့်ရရန် Pfizer နှင့် BioNTech ကုမ္ပဏီတို့က ပြီးခဲ့သည့်သောကြာနေ့တွင် လျှောက်ထားခဲ့သည်။ Pfizer ကာကွယ်ဆေး ဘေးဥပဒ် ရှိ၊ မရှိဆိုခြင်းကို အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က ဆုံးဖြတ်ရမည်ဖြစ်သည်။ အမေရိကန် FDA အနေဖြင့် Pfizer ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှု အချက်အလက်များကို အကဲဖြတ်ရန် မည်မျှအချိန်ယူမည်ဖြစ်ကြောင်း တိတိကျကျ မသိရသေးပေ။

သို့သော် ဒီဇင်ဘာလ ပထမပတ်အတွင်း Pfizer ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးဖွယ်ရှိသည်ဟု မျှော်မှန်းထားသည်။ တတိယအဆင့် စမ်းသပ်ထိုးနှံမှု ရလဒ်များအရ Pfizer ကာကွယ်ဆေးမှာ အသက် ၆၅ နှစ်အထက် အရွယ်ရှိသူများကို COVID-19 ရောဂါ ကူးစက်မှုမှ ၉၄ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရသည်။ ဗြိတိန်နိုင်ငံက Pfizer ကာကွယ်ဆေး အဖုံသန်း ၄၀ ကြိုတင်မှာယူထားပြီး ယခုနှစ်ကုန်တွင် ကာကွယ်ဆေး အဖုံ ၁၀ သန်း ရဖွယ်ရှိသည်။

ပြီးခဲ့သည့်ကြာသပတေးနေ့က အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကြောင့် တစ်ရက်တာ လူသေဆုံးမှု စံချိန်သစ်တင်ခဲ့ပြီး ဇွန်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ရက်တာလူသေဆုံးမှု ၂၀၀၀ ကျော် ရှိခဲ့သည်။ အမေရိကန် FDA က ဒီဇင်ဘာလ ပထမလဝက်အတွင်း ခွင့်ပြုချက်ချပေးပါက နာရီပိုင်းအတွင်း ကာကွယ်ဆေး ဖြန့်ချိပေးရန် အသင့်ဖြစ်လိမ့်မည်ဟု Pfizer နှင့် BioNTech ကုမ္ပဏီများက ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ