နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်ဂရေးဒေသတွင် အပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂအေဂျင်စီများ တောင်းဆို

နိုဝင်ဘာ ၂၁၊ ဂျီနီဗာ

တိုက်ပွဲကြောင့် ဒုက္ခရောက်နေသည့် အရပ်သားများထံ အထောက်အပံ့ပစ္စည်းများ ပို့ဆောင်ရန်အတွက် အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်းတွင် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချက်ချင်းရယူရန် ကုလသမဂ္ဂအေဂျင်စီများက တိုက်တွန်းခဲ့သည်။ တိုင်ဂရေးဒေသတွင် အီသီယိုးပီးယား စစ်တပ်နှင့် တိုင်ဂရေးအာဏာရ ပါတီခေါင်းဆောင်များကို ထောက်ခံနေသည့် တပ်ဖွဲ့များကြား ရက်သတ္တနှစ်ပတ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လူသားချင်းစာနာထောက်ထားရေး လမ်းကြောင်းများ ဖော်ဆောင်ရန် ကုလသမဂ္ဂက လိုလားနေသည်။

တိုင်ဂရေးဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် လူရာချီ သေဆုံးခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ တိုင်ဂရေးဒေသရှိ အက်ဆမ်မြို့နှင့် အက်ဒွာမြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီဟု ပြီးခဲ့သည့်သောကြာနေ့တွင် အီသီယိုးပီးယားအစိုးရက ပြောသည်။ အဆိုပါမြို့နှစ်မြို့လုံးတွင် အီသီယိုးပီးယားစစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်နေသည့် တပ်ဖွဲ့များ လက်နက်ချအညံ့ခံလိုက်ခြင်းဟု အီသီယိုးပီးယားအစိုးရက ပြောသည်။ သို့သော် တိုက်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက ဖုန်းနှင့် အင်တာနက်ဆက်သွယ်မှုများ ပြတ်တောက်ခဲ့၍ သတင်းအချက်အလက်များ ရရှိရန် ခက်ခဲနေရာ အဆိုပါပြောကြားချက်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ အက်ဆမ်မြို့မှာ တိုင်ဂရေးဒေသ၏ အကြီးဆုံးမြို့ကြီးတစ်မြို့ဖြစ်ပြီး အက်ဒွာတောင်တန်းမြို့မှာလည်း ဗျူဟာအရ အရေးပါသည့်နေရာဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ