နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးနိုင်ငံတွင် လူဖြူလုံခြုံရေးနှစ်ဦးကြောင့် လူမည်းအမျိုးသား သေဆုံးခဲ့၍ နာကြည်းခံပြင်းမှုများ ဖြစ်ပေါ်

နိုဝင်ဘာ ၂၁၊ ဘရာစီလီယာ

စူပါမားကတ်အပြင်ဘက်တွင် လူဖြူလုံခြုံရေး ၂ ဦးက လူမည်းအမျိုးသားနှစ်ဦးကို ထိုးကြိတ်သတ်ဖြတ် ခဲ့ပြီးနောက် ဘရာဇီးနိုင်ငံတစ်ဝန်းတွင် နာကြည်းခံပြင်းမှုများ ဖြစ်ပွားခဲ့သည်။ Black Consciousness Day ( လူမည်းအထိမ်းအမှတ်နေ့)မတိုင်မီ တစ်ရက်အလိုဖြစ်သည့် ပြီးခဲ့သည့်ကြာသပတေးနေ့က ပေါ်တိုအလီဂရီမြို့ရှိ Carrefour စတိုးဆိုင်တွင် လုံခြုံရေးအစောင့်အကြပ်များက အသက် ၄၀ အရွယ် ရှိသည့် လူမည်းအမျိုးသား ဖရိုင်းတက်၏ မျက်နှာကို လက်သီးဖြင့် အချက်ရေများစွာ ထိုးခဲ့ကြောင်း ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။ လုံခြုံရေးအစောင့်အကြပ်တစ်ဦးမှာ တာဝန်ချိန်ပြင်ပ လုံခြုံရေးနှင့် ထိန်းသိမ်းရေးအရာရှိ ဖြစ်သည်။ အဆိုပါဖြစ်ရပ်ကြောင့် လုံခြုံရေးအစောင့်အကြပ်နှစ်ဦးကို ဖမ်းဆီးခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် အစောင့်အကြပ်များကို ပံ့ပိုးပေးသည့် လုံခြုံရေးလုပ်ငန်းစုနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်ပြီဟု ဘရာဇီးနိုင်ငံရှိ ပြင်သစ်စူပါမားကတ်လုပ်ငန်းစု Carrefour က ပြောသည်။
 
ဘရာဇီးနိုင်ငံမှာ လူမျိုးရေးခွဲခြားမှုဖြစ်ရပ်များ ကြာမြင့်ခဲ့သည့်နိုင်ငံဖြစ်ပြီး အမေရိကနိုင်ငံများအနက် ကျွန်စနစ်ကို နောက်ဆုံးမှဖျက်သိမ်းခဲ့သည့် နိုင်ငံဖြစ်သည်။
ဘရာဇီးနိုင်ငံသားများကို လူမျိုးရေး မတူကွဲပြားသည့် ဒီမိုကရေစီစနစ်ဖြင့် ရှင်သန်နေထိုင်တတ်အောင် သင်ကြားပေးသည့် အစဉ်အလာရှိပြီး ဘရာဇီးနိုင်ငံတွင် လူမျိုးရေးခွဲခြားမှုမရှိဟု သမ္မတ ဘော်ဆိုနာရိုက ပြောထားသော်လည်း အဆိုပါအမြင်မှာ တဖြည်းဖြည်းပြောင်းလဲလာပြီဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ