နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်၏ အကြီးဆုံးသား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

နိုဝင်ဘာ ၂၁၊ ဝါရှင်တန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြီးဆုံးသားဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာမှာ COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း ယင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အသက် ၄၂ နှစ်ရှိသည့် ဒေါ်နယ်ထရမ့်ဂျူနီယာမှာ ယခုရက်သတ္တပတ်အစောပိုင်းတွင် ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ချိန် ကတည်းက ယင်း၏အမဲလိုက်အိမ်တွင် အသွားအလာ ကန့်သတ်နေထိုင်ခဲ့သည်ဟု ဆိုသည်။

''သူက အခုအချိန်အထိ ရောဂါလက္ခဏာလုံးဝမရှိပါဘူး။ COVID-19  ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးထိန်းချုပ်ရေး ညွှန်ကြားချက်တွေနဲ့အညီ နေထိုင်နေပါတယ်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒေါ်နယ်ထရမ့်ဂျူနီယာမှာ သမ္မတဒေါ်နယ်ထရမ့်၏ သားသမီးများအနက် ဒုတိယမြောက် COVID-19  ရောဂါ ကူးစက်ခံရသူဖြစ်သည်။ ပြီးခဲ့သည့်လကလည်း အသက် ၁၄ နှစ်အရွယ်ရှိသည့် ဘာရွန်ထရမ့်မှာ COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး အချိန်တိုအတွင်း ပြန်သက်သာလာခဲ့သည်။

ဒေါ်နယ်ထရမ့်ဂျူနီယာမှာ ဒေါ်နယ်ထရမ့်၏ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်ပြီး သမ္မတအဖြစ် ဝင်ရောက်ရွေးကောက်ခံရန် စိတ်ဝင်စားနေသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ ဒေါ်နယ်ထရမ့်ဂျူနီယာ၏ ချစ်သူကမ်ဘာလေဂေဖိုလေမှာလည်း ပြီးခဲ့သည့် ဇူလိုင်လက COVID-19  ရောဂါပိုး ကူးစက်ခံခဲ့ရပြီး ပြန်လည်သက်သာခဲ့သူဖြစ်သည်။ သို့သော် ဒေါ်နယ်ထရမ့် ဂျူနီယာမှာ ထိုစဉ်က ရောဂါကူးစက်ခံခဲ့ရဖွယ်မရှိပေ။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ