နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေတာအခမဲ့ အသုံးပြုနိုင်မည့် MPT ၏ Text Only Version Of Facebook

ရန်ကုန်  နိုဝင်ဘာ  ၂၀


မိမိချစ်ခင်ရသူများနှင့် ကိုဗစ်ကာလ တွေ့ဆုံရန်အခက်အခဲများရှိနေသူများအတွက် ခင်မင်ရင်းနှီးမှု လျော့ပါးမသွားစေရန် MPT က အချိန်တိုင်းအဆက်အသွယ်စေနိုင်ရန် ဒေတာအခမဲ့အသုံးပြုနိုင်မည့် MPT ၏ Text Only Version Of Facebook အသုံးပြုနိုင်ပြီဖြစ်သည်။ 

Text Only Version Of Facebook ဖြင့် Like, Comment, Share လုပ်ခြင်းများအပြင် Messenger တွင် စာရိုက်ပြီး စကားပြောခြင်းနှင့် Status တင်ခြင်းများအတွက်လည်း ဒေတာမကုန်ဘဲ အခမဲ့ပြုလုပ်နိုင်မည် ဖြစ်သောကြောင့် MPT အသုံးပြုသူများ အဆင်ပြေစေနိုင်မည်ဖြစ်သည်။

Text Only Version Of Facebook ကို အသုံးပြုရန်အတွက် ဖော်ပြပါလင့်ခ် https://bit.ly/3l2Cpgl ထဲတွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီဖြစ်သည်။

COVID-19 ထပ်မံမပြန့်ပွားစေရေး ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေနိုင်ရန် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်စေရန် MPT မှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

(WP)






အခြားဆက်စပ်သတင်းများ