နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်ခံရန်ငြင်းဆန်နေခြင်းမှာ ကြောက်မက်ဖွယ်သတင်းစကားပါးခြင်းဖြစ်သည်ဟု ဂျိုးဘိုင်ဒင် ပြော

နိုဝင်ဘာ ၂၀၊ ဝါရှင်တန်


သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံရန် ငြင်းဆန်သည့် ဒေါ်နယ်ထရမ့်၏လုပ်ရပ်မှာ အမေရိကန်နိုင်ငံ၏ ဖြစ်တည်မှုနှင့်ပတ်သက်၍ ကြောက်စရာ သတင်းစကားပါးသကဲ့သို့ ဖြစ်စေသည်ဟု ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က ရှုတ်ချခဲ့သည်။  ဒေါ်နယ်ထရမ့်မှာ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရတော့မည်မဟုတ်ဆိုခြင်းကို သိကြောင်း၊ ယင်း၏ လုပ်ရပ်များမှာလည်း တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝမရှိကြောင်း ဖော်ပြနေသည်ဟု ဂျိုးဘိုင်ဒင်က ဆိုသည်။


ဂျော်ဂျီယာပြည်နယ်တွင် လက်ဖြင့် မဲပြန်လည်ရေတွက်ပြီးစီးသည့်နောက်တွင်လည်း ဂျိုးဘိုင်ဒင်က ဝ ဒသမ ၅ ရာခိုင်နှုန်း အသာဖြင့် အနိုင်ရခဲ့သည်။ ယခုရက်သတ္တပတ်အတွင်း စစ်ဆေးမှုများအရ ဂျော်ဂျီယာပြည်နယ်တွင် မရေတွက်မိသည့် မဲထောင်ပေါင်းများစွာ တွေ့ရှိခဲ့၍ ဂျိုးဘိုင်ဒင်၏ မဲအသာရမှု ကျဆင်းသွားခဲ့သည်။ သို့သော် ယင်းကဲ့သို့ဖြစ်ရခြင်းမှာ လူသားအမှားကြောင့်ဖြစ်ပြီး မဲမသမာမှုလုပ်ခဲ့ခြင်းမဟုတ်ဟု မဲပေးမှုစနစ်မန်နေဂျာ ဂါဘရီယယ်စတာလင်းက ပြောသည်။


သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်၏ လူထုမဲ ရရှိမှုမှာ ဒေါ်နယ်ထရမ့်ထက် ၅ ဒသမ ၉ သန်းကျော် ပိုများပြီး ကိုယ်စားလှယ်မဲ ရရှိမှုတွင်လည်း ဂျိုးဘိုင်ဒင်က (၃၀၆)မဲ၊ ဒေါ်နယ်ထရမ့်က (၂၃၂)မဲရလဒ် ထွက်ပေါ်လိမ့်မယ်လို့ အမေရိကန်မီဒီယာများက ခန့်မှန်းထားသည်။


ဒေါ်နယ်ထရမ့်က သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံရန် ငြင်းဆန်နေခြင်းနှင့်ပတ်သက်ပြီး ဂျိုးဘိုင်ဒင်က ''ဒီမိုကရေစီစနစ်ရဲ့လည်ပတ်မှုပုံစံနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က ကမ္ဘာပေါ်မှာရှိတဲ့ တခြား နိုင်ငံတွေထိခိုက်နစ်နာစေတဲ့ သတင်းစကားပါးနေတာပါ။ သူက အမေရိကန်နိုင်ငံသမိုင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှု အကင်းမဲ့ဆုံးသမ္မတတစ်ယောက်အဖြစ် မှတ်ယူခံရမှာပါ'' ဟု ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ