နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားသောက်ကုန်နှင့် ဒေသထွက် ငပိ/ငါးခြောက်/ပုစွန်ခြောက်များကို ပုံမှန် ကုန်တင်/ကုန်ချ ဆောင်ရွက်

ရန်ကုန်၊  နိုဝင်ဘာ  ၁၉


COVID-19 ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ဆိပ်ကမ်းတွင် ရန်ကုန် - မြစ်ဝကျွန်းပေါ်/ရန်ကုန်-စစ်တွေ /ရန်ကုန်-မြိတ်  စသောဒေသများသို့  ရေယာဉ်လိုင်းများဖြင့် စားသောက်ကုန်များ ကိုအဓိကပို့ဆောင်ပေးနေပြီး အိမ်သုံးပစ္စည်းများနှင့်အခြားဒေသထွက်ပစ္စည်းများကို ပုံမှန်ပို့ဆောင်ပေးလျက်ရှိကြောင်း ရန်ကုန်မြို့ ဘုရင့်နောင်ဆိပ်ကမ်းကုန်စည်ပို့ဆောင်ရေးမှ သိရသည်။

"ကျွန်တော်တို့ ဘုရင့်နောင်ဆိပ်ကမ်းမှာက စားသောက်ကုန်တွေကများပြီး ပစ္စည်းကတော့အစုံပဲ  ကုန်တင်၊ ကုန်ချလုပ်နေရတော့ရပ်ထားလို့တော့ မရဘူးပေါ့။ လူသုံးကုန်နဲ့စားသောက်ကုန်အစုံပါပဲ ငပိ၊ ငါးခြောက်ကအစပေါ့ သင်္ဘောလိုင်းသုံးလိုင်းနဲ့ လမ်းခရီးကုန်စည်သယ်ပို့အဖြစ် အမြဲလည်ပတ်နေရတာပါ။ ဒီလိုကိုဗစ်ကာလတွေမှာကတော့ နယ်မြို့တွေကနေ ရန်ကုန်ကိုအတက်ကုန်နည်းတယ်။ ပင်လယ်ဘက်က နေလဲအတက်နည်းတယ်။ သင်္ဘောတွေ ပဲ့ထောင်တွေပေါ့၊ ရွာတွေကနေတက်မဲ့ ကုန်စည်တွေမှာ ကိုဗစ်ကာလ ဖြစ်တော့ပိတ်ထားတဲ့အတွက် အဝင်အထွက်နည်းတယ်။ ရန်ကုန်ကနေ  စစ်တွေတို့မြိတ်တို့စတဲ့ မြို့ကြီး တွေကိုကုန်စည်မပြတ်ရေးအတွက်ကတော့ ပို့ပေးနေပါတယ်။ အရင်လိုအရမ်းကြီးတော့ မဟုတ်ပေမဲ့ ကုန်စည်တွေကတော့ ကိုဗစ်ကာလရဲ့ ပုံမှန်လည်ပတ်နှုန်းအတိုင်း လည်ပတ်နေပါတယ်။ သင်္ဘောအဝင် အထွက်တွေမှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြဌာန်းချက်တွေအတိုင်း စည်းကမ်းနဲ့ ဆောင်ရွက်နေပါတယ်" ရန်ကုန်မြို့ ဘုရင့်နောင်ဆိပ်ကမ်းကုန်စည်ပို့ဆောင်ရေးမှ လုပ်သားစောင့်ရှောက်ရေးမှူး ဦးစိုးလွင်ကပြောသည်။

အဆိုပါ ဘုရင့်နောင်ကုန်စည်သယ်ယူပို့ဆောင်ရေးတွင် သင်္ဘောလိုင်းသုံးလိုင်းဖြင့် ရန်ကုန်-မြစ်ဝ ကျွန်းပေါ်ဒေသ(ဖျာပုံ/ပုသိမ်/မြောင်းမြ နှင့်အခြားမြို့ကြီးများ )/ရန်ကုန် - စစ်တွေ / ရန်ကုန် - မြိတ် စသော ရေလမ်းခရီးလိုင်း သုံးခုကို သက်မှတ်စီနီယာအတိုင်း ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ ထို ခရီးစဉ်များတွင် နယ်မြို့များမှ ငပိ/ငါးခြောက်/ပုစွန်ခြောက်နှင့် အခြားဒေသထွက်ကုန်များ ရန်ကုန်မြို့ ဘုရင့်နောင်ဆိပ်ကမ်း သို့အဝင်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုး/အဝတ်အထည်/ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ/လျှပ်စစ်ပစ္စည်းများနှင့် အခြားပစ္စည်းများကိုနယ်မြို့များသို့ တင်ပို့ပေးလျက်ရှိကြောင်း ရန်ကုန်မြို့    ဘုရင့်နောင်ဆိပ်ကမ်းကုန်စည်ပို့ဆောင်ရေးမှ သိရသည်။                                                                   


 မင်းခ






အခြားဆက်စပ်သတင်းများ