နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှမ်းပြည်နယ်ထွက် ထောပတ်သီးများ ဗြိတိန်အထိ ထိုးဖောက်

ရန်ကုန်  နိုဝင်ဘာ  ၁၉


ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှထွက်ရှိသည့် ထောပတ်သီးများကို ဗြိတိန်နိုင်ငံတွင် ဝယ်ယူ ရရှိလျက်ရှိသည်ဟု UK in Myanmar လူမှုကွန်ရက်မှတစ်ဆင့် အသိပေးပြောကြားလိုက်သည်။

မြန်မာနိုင်ငံ သစ်သီးဝလံဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း (MFVP)မှ ထောပတ်သီးတောင်သူ ၁၅ ဦး၏ Amara Variety(Local Variety), Hass နှင့် Buccaneer ဟု အမည်ရသော မြန်မာထောပတ်သီး အမျိုးအစား သုံးမျိုးကို ဗြိတိန်ဈေးကွက်သို့ စမ်းသပ်တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ တင်ပို့နိုင်ခြင်းသည် ရှမ်းနှင့် ချင်းပြည်နယ်မှ တောင်သူများအတွက် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်မှုသင်တန်းများပေးခြင်းမှတစ်ဆင့် ဒေသခံတောင်သူများ ဝင်ငွေတိုး လာစေရန် ပံ့ပိုးလျက်ရှိသည့် စီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။                             (KST)






အခြားဆက်စပ်သတင်းများ