ရေနံချောင်း နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်တွင် ချည်မျှင်ရှည်ဝါများစိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အသစ်ပေါ်ချိန်ဈေးကောင်းရရန်လိုအပ်နေကြောင်း ဒေသခံတောင်သူများထံက သိရသည်။
ရေနံချောင်းမြို့နယ်ကျေးရွာများတွင် နှစ်စဉ်စိုက်ပြီး ယခုနှစ်တွင်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း လျက်ရှိသည်။
မကြာမီမှာ ဝါတွေအသစ်ပေါ်တော့မှာပါ။ လက်ရှိအနေအထားက အောင်မြင်ဖြစ်ထွန်းနေတဲ့အတွက် အသစ်ချိန်မှာ ဈေးကောင်းရဖို့လိုအပ်ကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။
လက်ရှိစက်မှုကုန်ကြမ်းသီးနှံဖြစ်သည့်ဝါကို ငွေချည် ၆ ၊ ရွှေတောင် ၁ ဝါကိုစိုက်ကြတယ်။ လက်ရှိဝါဧက ၅၀ဝ ဝန်းကျင်စိုက်တယ်။ အထွက်နှုန်းကတော့ ငွေချည် ၆ တစ်ဧကလျှင် ဝါပိဿာ ၃၀ဝ ထွက်ပြီး ရွှေတောင် ၁ ဝါမှ ပိဿာ ၂၀ဝ ထွက်ဝန်းကျင်ထွက်ရှိကြောင်း တောင်သူများထံက သိရသည်။ ရေနံချောင်းမြို့နယ် ဝါဧက နှစ်ထောင်နီးပါးလျာထားစိုက်ပျိုး ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ သိရသည်။
ဆန်းညွန့်(ရေနံချောင်း)