နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတပူတင်ကို တရားစွဲဆိုမှုမှကင်းလွတ်ခွင့်ပေးမည့် ဥပဒေကြမ်းကို ရုရှားအောက်လွှတ်တော် ထောက်ခံ

နိုဝင်ဘာ  ၁၈၊ မော်စကို


သမ္မတရာထူးမှ အနားယူပါက သမ္မတနှင့် ယင်းတို့၏မိသားစုများကို ပြစ်မှုဆိုင်ရာ တရားစွဲဆိုမှုမှ ကင်းလွတ်ခွင့်ပေးမည့် ဥပဒေကြမ်းကို ရုရှားအောက်လွှတ်တော် (Duma) က ထောက်ခံခဲ့သည်။ အဆိုပါအချက်မှာ ပြီးခဲ့သည့်ဇူလိုင်လက ပြည်သူ့ဆန္ဒခံယူပွဲတွင် အတည်ပြုခဲ့သည့် အခြေခံဥပဒေပြင်ဆင်ချက်တစ်ခုဖြစ်သည်။ ရုရှားနိုင်ငံ၏ လွှတ်တော်နှစ်ရပ်လုံးတွင် သမ္မတပူတင်အပေါ် အားပေးထောက်ခံသူများသာ လွှမ်းမိုးထားသည်။


ပူတင်၏ စတုတ္ထမြောက် သမ္မတသက်တမ်းမှာ ၂၀၂၄ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း အခြေခံဥပဒေပြင်ဆင်ချက်များအရ ယင်းကို နောက်ထပ်သက်တမ်း ၂ ကြိမ် ထပ်မံရွေးကောက်ခွင့်ပြုထားသည်။ ပူတင်မှာ လက်ရှိအချိန်တွင် အသက် ၆၈ နှစ်ရှိနေသော်လည်း ယင်း၏နေရာတွင် အစားထိုးဆက်ခံမည့်သူ မရှိသေးပေ။


ရုရှားနိုင်ငံ၏ အဓိကအတိုက်အခံခေါင်းဆောင် နာဗယ်နီက '' ပူတင်က ဘာကြောင့် တရားစွဲဆိုမှုကနေ ကင်းလွတ်ခွင့်ဥပဒေ လိုနေရတာလဲ၊ အာဏာရှင်တွေက သူတို့သဘောနဲ့သူတို့ ရာထူးကနေ ဆင်းနိုင်ကြလို့လား'' ဟု တွစ်တာပေါ်တွင် ရေးသားထားသည်။
အဆိုပါဥပဒေကြမ်းကို အောက်လွှတ်တော်တွင် နောက်ထပ် ၂ ကြိမ်တိုင်တိုင် ဖတ်ကြားတင်ပြပြီးနောက် အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုခံယူမည်ဖြစ်ပြီး သမ္မတပူတင်က ဥပဒေအဖြစ် အတည်ပြုနိုင်ရန် လက်မှတ်ရေးထိုးရမည်ဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ