နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် အကွာအဝေးအများဆုံး ခရီးနှင်ခဲ့သည့် ကျားတစ်ကောင်ကို တွေ့ရှိ

နိုဝင်ဘာ  ၁၈၊ နယူးဒေလီ


အိန္ဒိယနိုင်ငံတွင် အကွာအဝေး အများဆုံး ခရီးနှင်ခဲ့သည့် ကျားတစ်ကောင်ကို တွေ့ရှိခဲ့သည်။ လမ်းလျှောက်နိုင်လွန်းသည့်အတွက် ဝေါ်ကာ (Walker) ဟု ချစ်စနိုးခေါ်သည့် ၃ နှစ်ခွဲအရွယ် ကျားထီးကြီးမှာ ၂၀၁၉ ခုနှစ် ဇွန်လက အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်ရှိ ဘေးမဲ့တောမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ 


ဝေါ်ကာမှာ သားကောင်၊ စားကျက် (သို့မဟုတ်) မိတ်လိုက်ဖော်ရှာရင်း ဘေးမဲ့တောမှ ထွက်လာမိခြင်းဖြစ်မည်ဟု ဆိုသည်။
ရေဒီယိုလှိုင်းသုံး ခြေရာခံကိရိယာတပ်ဆင်ထားသည့်  ဝေါ်ကာမှာ ပြီးခဲ့သည့် ၉ လအတွင်း မဟာရက်ရှ်ထရာပြည်နယ်နှင့် တီလန်ဂါနာပြည်နယ်၏ ခရိုင် ၇ ခုကို ဖြတ်သန်းပြီး အကွာအဝေး ၁၈၆၄ မိုင်အထိ ခရီးနှင်ခဲ့သည်။ ပြီးခဲ့သည့်မတ်လတွင်  Walker ကို မဟာရက်ရှ်ထရာပြည်နယ်၏ အခြားဘေးမဲ့တောတစ်ခုတွင် နေရာချပေးခဲ့ပြီး ပြီးခဲ့သည့်ဧပြီလက ယင်း၏လည်ပင်းတွင် တပ်ဆင်ထားသည့် ခြေရာခံကိရိယာကို ဖြုတ်ပေးခဲ့သည်။


၂၀၅ စတုရန်းကီလိုမီတာကျယ်ဝန်းသည့် ဒနန်ဂင်္ဂါဘေးမဲ့တောတွင် ကျားသစ်၊ တောင်ဆိတ်၊ တောဝက်၊ ဒရယ်နှင့် ဥဒေါင်းစသည့် အခြားတိရစ္ဆာန်များ ကျက်စားသော်လည်း ကျားမရှိခဲ့ဘဲ ဝေါ်ကာတစ်ကောင်တည်းသာ ရှိသည်။ ထို့ကြောင့် Walker အတွက် မိတ်လိုက်ဖော် ရှာပေးရန် ကျားမတစ်ကောင်ကို ဘေးမဲ့တောသို့ ပို့ဆောင်သင့်၊ မပို့ဆောင်သင့်ဆိုသည့်အချက်ကို သားရဲတိရစ္ဆာန်ထိန်းသိမ်းရေးအရာရှိများက ဆွေးနွေးနေကြသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ