နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါကစ္စတန်နိုင်ငံက ပြင်သစ်နိုင်ငံထုတ် ကုန်ပစ္စည်းများကို သပိတ်မှောက်ဖွယ်ရှိနေဟု ဆို

နိုဝင်ဘာ  ၁၈၊ အစ္စလာမ်မာဘတ်


ပါကစ္စတန်နိုင်ငံအစိုးရက ပြင်သစ်နိုင်ငံထုတ် ပစ္စည်းများကို သပိတ်မှောက်ရန် ထောက်ခံလိုက်ခြင်းကြောင့် သဘောထားတင်းမာသည့် အစ္စလာမ်အဖွဲ့ TLP က  ပြင်သစ်နိုင်ငံ ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဖျက်သိမ်းလိုက်သည်။ ပြင်သစ်နိုင်ငံက တမန်တော်မိုဟာမက်ပုံ ကာတွန်းများကို ကာကွယ်ခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။


စာသင်ခန်းအတွင်း ဆွေးနွေးမှုလုပ်ချိန်တွင် တပည့်များကို တမန်တော်မိုဟာမက်ပုံ ကာတွန်းများ ပြသခဲ့သည့် ပြင်သစ်ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်သတ်ခံရပြီးနောက် ပြင်သစ်သမ္မတ မက်ခရွန်က ပြင်သစ်နိုင်ငံ၏ လောကီဝါဒကို အခိုင်အမာ ကာကွယ်ခဲ့သည်။ ထို့ကြောင့် မွတ်စလင်နိုင်ငံများတွင် မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့သည်။ တမန်တော်မိုဟာမက်ပုံကို ကာတွန်းရေးဆွဲဖော်ပြမှုမှာ စော်ကားခြင်းဖြစ်သည်ဟု အစ္စလာမ်ဘာသာဝင်အများအပြားက သတ်မှတ်ထားသည်။


TLP အဖွဲ့က အနည်းဆုံးဝန်ကြီးနှစ်ဦး လက်မှတ်ထိုးထားသည့် ( ပြင်သစ်ကုန်ပစ္စည်းများ သပိတ်မှောက်ရေး) သဘောတူစာချုပ် မိတ္တူများကို ဝှေ့ယမ်းပြပြီး ဆန္ဒပြပွဲကို ဖျက်သိမ်းလိုက်သည်ဟု ဆိုသည်။ သို့သော် ပြင်သစ်ကုန်ပစ္စည်းများနှင့်ပတ်သက်သည့်ကိစ္စကို ဖြေရှင်းနိုင်ခြင်းမရှိသေးဟု ပြီးခဲ့သည့်အင်္ဂါနေ့နှောင်းပိုင်းတွင် ပါကစ္စတန်အစိုးရက ပြောသည်။ ပြင်သစ်သမ္မတ မက်ခရွန်၏မှတ်ချက်များနှင့်ပတ်သက်၍ ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရန်ခန်းက ဝေဖန်ခဲ့သော်လည်း TLP ကဲ့သို့ သဘောထား တင်းမာသည့်အဖွဲ့များက နောက်ထပ်အရေးယူလှုပ်ရှားမှုများလုပ်ရန် တောင်းဆိုလျက်ရှိသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ