နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယင်းကို ဆန့်ကျင်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအရာရှိကို ဒေါ်နယ်ထရမ့်က ရာထူးမှ ထုတ်ပယ်

နိုဝင်ဘာ  ၁၈၊ ဝါရှင်တန်


မဲမသမာမှုများရှိသည်ဆိုသော ယင်း၏စွပ်စွဲချက်အပေါ် ဖီလာဆန့်ကျင်ခဲ့သည့် ရွေးကောက်ပွဲအရာရှိကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရာထူးမှ ထုတ်ပယ်လိုက်သည်။ ရွေးကောက်ပွဲ၏ ဖြောင့်မတ်မှုနှင့်ပတ်သက်၍ သေချာရေရာခြင်းမရှိသည့် မှတ်ချက်များပေးခဲ့၍ ဆိုက်ဘာလုံခြုံရေးနှင့် အခြေခံအဆောက်အအုံ လုံခြုံရေးအေဂျင်စီ  (Cisa) အကြီးအကဲ ခရစ္စခရက်ကို စာချုပ်ဖျက်သိမ်းလိုက်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောသည်။


အမေရိကန်မီဒီယာများက သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင် အနိုင်ရပြီဟု ဖော်ပြထားသော်လည်း ဒေါ်နယ်ထရမ့်က သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီဟု လက်မခံသေးဘဲ အကြီးအကျယ် မဲမသမာမှုများ ရှိသည်ဟု အထောက်အထားမဲ့ စွပ်စွဲလျက်ရှိသည်။ သို့သော် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ မဲပေးမှုများမှာ အမေရိကန်နိုင်ငံသမိုင်းတွင် တိကျသေချာမှုအရှိဆုံးဖြစ်သည်ဟု ခရစ္စခရက်အပါအဝင် ရွေးကောက်ပွဲအရာရှိများက ကြေညာခဲ့သည်။


'' ရွေးကောက်ပွဲစနစ်တွေကို ကြိုးကိုင်ချယ်လှယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိသလို နည်းစနစ်ပိုင်းအရလည်း မကိုက်ညီဘူးဆိုတာ ရွေးကောက်ပွဲလုံခြုံရေးပညာရှင် ၅၉ ယောက်လုံး သဘောတူညီကြပါတယ်"ဟု ရာထူးက ထုတ်ပယ်ခြင်းမခံရမီ ခရစ္စခရက်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။       


 Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ