နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Android/Smart ဖုန်းများ၌ Me Bill အက်ပလီကေးရှင်း ထည့်သွင်းပြီး မိမိသုံးစွဲသည့် မီတာယူနစ်ကို ကြည့်ရှုသိရှိနိုင်

ရန်ကုန်၊ နိုဝင်ဘာ  ၁၈


ရန်ကုန်လျှပ်စစ်ဓာတ်အားပေး​ရေး ကော်ပိုရေးရှင်း၊ သုံးခွမြို့နယ် လျှပ်စစ်မန်နေဂျာရုံး၊ အင်ဂျင်နီယာဌာန မှ AMI(Advanced Metering Infrastructure စနစ်ဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအား မိမိသုံးစွဲသည့် လျှပ်စစ်ယူနစ်ကို မိမိကိုယ်တိုင် Android/Smart ဖုန်းများတွင် Me Bill အပလီကေးရှင်းထည့်သွင်းကာ ကြည့်ရှု နိုင်ပြီဟုသိရသည်။ ထိုအပလီကေးရှင်းကို ဖုန်းတွင်ထည့်သွင်းအသုံးပြုခြင်းဖြင့် မိမိကိုယ်တိုင်သုံးစွဲသည့် လျှပ်စစ်ယူနစ်အား နေ့၊ ရက်၊ လ၊ နှစ် သုံးစွဲမှုများကို အချိန်နှင့်တပြေးညီ အလွယ်တကူသိရှိစစ်ဆေးနိုင်ပြီး မီတာယူနစ်မှားယွင်းမှုမဖြစ်တော့ကြောင်း သိရသည်။ ဖုန်းဘေကိုလည်း ရုံးသို့သွားဆောင်စရာမလိုဘဲ အပလီ ကေးရှင်းမှတစ်ဆင့် ပေးဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှလည်း  မြို့ပေါ် ၁၂ ရပ်ကွက်ကျေးရွာများမှ ပြည်သူများဓာတ်အားသုံးစွဲသည့်ယူနစ်ကိုနေအိမ်များသို့ လိုက်လံမှတ်ရန်မလိုဘဲ ရုံးမှကွန်ပျူတာစက်ဖြင့်ဖတ်နိုင်ပြီး မီတာများအား အင်တာလော့စနစ်မီတာများအစား ဒီဂျစ်တယ်မီတာများအဖြစ်သို့ ပြောင်းလဲလိုက်သဖြင့် ဓာတ်အား ပျောက်ဆုံးမှုလည်းနည်းသွားသည်ဟု သိရသည်။ နေအိမ်များရှိ ဒီဂျစ်တယ်မီတာများကိုရုံးမှ အဖွင့်အပိတ် ပြုလုပ်နိုင်မည်ဟု သိရသည်။ သုံးခွမြို့နယ်တွင်(ကျေးရွာများပါ)ဒီဂျစ်တယ်လျှပ်စစ်မီတာအလုံးရေ  ၁၅၅၅၅ လုံးရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသက်မောင်ထွေးက နိုဝင်ဘာ ၁၈ ရက်၊ နံနက် ၁၁ နာရီက ပြောသည်။ သုံးခွမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးတွင် ဒီဂျစ်တယ်မီတာများတပ်ဆင်ပြီး AMI စနစ် စတင်ကျင့်သုံးသည့် မြို့နယ်ဖြစ်ကြောင်း သိရသည်။ Me Bill အပလီကေးရှင်းအကြောင်းအသေးစိတ်သိရှိလိုပါက ဖုန်း၀၅၆ ၄၀၀၂၆l  ၀၉၅၀၈၁၇၁၅သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။                 ကိုကျော်(သုံးခွ)






အခြားဆက်စပ်သတင်းများ