နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Huawei က အသစ်ထပ်မံမိတ်ဆက်လိုက်သည့် HUAWEI Y6p အမျိုးအစားသစ်

နိုဝင်ဘာ  ၁၈


Huawei က အသစ်ထပ်မံမိတ်ဆက်လိုက်သည့် စမတ်ဖုန်းအမျိုးအစားအသစ်အမည်မှာ Y6p ဖြစ်ပြီး ယင်း၏ မျက်နှာပြင်အရွယ်အစားမှာ ၆ ဒသမ ၃ လက်မ Dewdrop Display နှင့် ၈၈ ဒသမ ၄ ရာခိုင်နှုန်း မျက်နှာပြင်ကျယ်အချိုးက ကျယ်ပြန့်ပြီး စွဲမက်ဖွယ်ကောင်းသော အမြင်အာရုံအတွေ့အကြုံကိုပေးစွမ်းပြီး 2.65mm သာရှိသည့် ကျဉ်းမြောင်းပြီး ဘေးဘောင်သေးသွယ်သော အရှေ့ကင်မရာတို့က သုံးစွဲသူကို အကြိုက်တွေ့စေနိုင်ရုံသာမက ဂိမ်းပုံရိပ်များနှင့် လှပသောပုံရိပ်များကို ကောင်းစွာကြည့်ရှုနိုင်မည်ဖြစ်သည်။ 

ခေတ်မီဆန်းပြားသောလက်မှုပညာနှင့် အထူးကောင်းမွန်သော Coating တို့ကြောင့် နောက်ဖက် မျက်နှာပြင်သည် သုံးစွဲသူများ နှစ်ကြိုက်မှုကို ရရှိစေနိုင်မည့် လိုင်းများဖြင့် ရှုထောင့်တိုင်းတွင် လှပကျော့ရှင်း တောက်ပနေသည်ကို တွေ့မြင်ရသည်။ 

ဘက်ထရီပိုင်းတွင်လည်း 5000 mAh ရှိသော ကြီးမားသော ဘက်ထရီက တစ်နေ့တာလုပ်ဆောင်ချက် များကို မကြာခဏ အားသွင်းရန်မလိုဘဲ ရက်အတော်ကြာအထိ အထောက်အပံ့ပေးနိုင်သည့်အပြင် HUAWEI Y6p က အခြားသော ဖုန်းများကိုအလွယ်တကူ အားဖြည့်စေရန် တစ်လမ်းသွားပြောင်းပြန်အားသွင်း အဖြစ် အသုံးပြုနိုင်သည့်အပြင် အားသွင်းနေစဉ် Android ဖုန်းများတွင် Data နှင့် ဓာတ်ပုံများကို Backup ပြုလုပ်နိုင်သည်။

HUAWEI Y6p တွင် 13 MP ရှိသော ပင်မကင်မရာ၊ 5 MP wide angle ကင်မရာနှင့် 2 MP depth ကင်မရာတို့ တပ်ဆင်ထားပြီး ကြည်လင်ပြတ်သားပြီး အသေးစိတ်ကျသော အလှပဆုံးပုံရိပ်များကို ဖမ်းယူနိုင်စွမ်းရှိသည်။

8MP selfie beauty ကင်မရာက အလှပဆုံးပုံရိပ်များကို အလိုအလျောက်ချိန်ညှိပေးပြီး လှပသော Portrait များကို အမြဲပုံဖော်နိုင်စွမ်းရှိသည်။ သုံးစွဲသူများ၏ဓာတ်ပုံ၊ ဗီဒီယိုများနှင့် မက်ဆေ့ချ်တို့ကို 64GB ROM memory နှင့် 512 GB storage အထိတိုးချဲ့ပြီး သိမ်းထားနိုင်သည့်အပြင်  HUAWEI EROFS super file စနစ်က သုံးစွဲသူကို နှစ်သက်သဘောကျစေသည့်အရာများကို သိမ်းဆည်းထားနိုင်ရန် လုပ်ဆောင်ပေးနိုင်စွမ်းတို့ပါဝင်သည့်အတွက်ကြောင့် စိတ်တိုင်းကျစေမည့် စမတ်ဖုန်းတစ်လုံးဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ