နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MediaTek MT6893 ၏ Single-Core စွမ်းဆောင်ရည်မှာ Dimensity 1000+ ထက် မြင့်မား

နိုဝင်ဘာ  ၁၈


ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက MediaTek MT6893 နှင့်ပတ်သက်ပြီး သတင်းများ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး ယခုထွက်ပေါ်လာသည့် သတင်းအရ MediaTek MT6893 က MediaTek ၏ လက်ရှိစွမ်းဆောင်ရည် အမြင့်မားဆုံး Chipset ဖြစ်သည့် Dimensity 1000+ ထက် စွမ်းဆောင်ရည် မြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။

Geekbench မှာ တင်လာမှုအရ Single-Core ရမှတ်ကို အတည်ပြုလာနိုင်ပြီဖြစ်ပြီး MediaTek MT6893 မှာ 2.8GHz Cortex-A78 Core ပါဝင်လာမည်ဖြစ်သည်။

ထို့အပြင် 2.6GHz 3x Cortex-A78 Cores ၊ 2.0GHz 4x Cortex-A55 ပါဝင်လာမည်ဖြစ်ပြီး GPU က Mali-G77 MC9 ဖြစ်လာမည်ဖြစ်သည်။

MediaTek MT6893 ကို Exynos 1080 ကဲ့သို့ TSMC ၏ 6nm Process ဖြင့် တည်ဆောက်ထုတ်လုပ်လာမည်ဖြစ်ကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ