နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်

ရန်ကုန်   နိုဝင်ဘာ  ၁၈


ကမ္ဘာ့လူဦးရေသည် လာမည့် ၂၀၅၀  ခုနှစ်တွင် ကိုးဘီလျံမှ တစ်ဆယ်ဘီလျံအထိ တိုးပွားလာနိုင်သည်ဟု ကမ္ဘာ့ပညာရှင်များက ခန့်မှန်းထားကြသည်။ ယနေ့ကမ္ဘာတစ်ဝန်း၌ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး နှင့် ဆင်းရဲငတ်မွတ်မှု တိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ နှစ်စဉ် တိုးပွားလျက်ရှိသည့် ကမ္ဘာ့လူဦးရေသည် စားနပ်ရိက္ခာလိုအပ်ချက် မလုံလောက်မှုပြဿနာများ အစဉ် ခြိမ်းခြောက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ပြည်တွင်းစားနပ်ရိက္ခာများ ဖူလုံရေးလုပ်ငန်းများတွင် အားသွန်     ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်က ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ လက်ရှိကာလတွင် သန်း ၆၀ ခန့်လူဦးရေအတွက် စားနပ်ရိက္ခာ ဖူလုံလျက်ရှိသော်လည်း တိုးပွားလာမည့် လူဦးရေသန်း ၁၀၀ အတွက် ရေတို၊ ရေရှည်နည်းလမ်းများ၊ စီမံကိန်း များ အဓိကထားမျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ လယ်ယာကဏ္ဍသည် နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းခန့် အသက်မွေးဝမ်းကျောင်းပြုနေသော ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းကို တိုးတက်ဖွံ့ဖြိုး အောင် ဖော်ဆောင်ပေးနိုင်စွမ်းရှိသည်။

၂၀၂၀ ပြည့်နှစ် ဆောင်းရာသီထုတ်လုပ်မည့် ကုန်စိမ်းသီးနှံများထုတ်လုပ်သည်မှ ဈေးကွက်ဝင်ရောက်နိုင် သည်အထိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးနှင့် မှိုစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုး  တိုးတက်ရေး မျိုးစေ့နှင့်နည်းပညာရရှိ ညှိုနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက်က နေပြည်တော်စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။ COVID-19 ကာလတွင် ထွက်ပေါ် လာမည့် သီးနှံများ ဈေးကွက်သို့ရောက်ရှိရန် ကန့်သတ်ချက်၊ တားမြစ်ချက်များကြောင့် စားသောက်ဆိုင်များ ကုန်စည်သယ်ယူပို့ဆောင်ရေးများ၌ အခက်အခဲများဖြစ်ပေါ်နေကြောင်း ဒုတိယလှိုင်း COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ကန့်သတ်မှုများရှိလာပြီး သီးနှံထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံး ထိခိုက်လာနိုင်သဖြင့် ကြိုတင် စီမံမှုများ လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ထည့်သွင်းပြောကြားခဲ့သည်။ ပုပ်သိုးလွယ်သီးနှံများ ပြည်တွင်းဈေးကွက်သို့ လျင်လျင်မြန်မြန် ပို့ဆောင်နိုင်ရေးဖြစ်ပေါ်နေသည့် အတားအဆီး များကို ဌာနများ၊ အသင်းအဖွဲ့များ ပေါင်းစပ်ညှိုနှိုင်းဆွေးနွေးခြင်းဖြင့် ကျော်လွှားနိုင်မည်ဖြစ်သည်။

လူတန်းစေ့သက်ရှည်ကျန်းမာစွာ စားသောက်နေထိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် ရေရှည်တည်တံ့ ခိုင်မြဲသော လယ်ယာကဏ္ဍစားနပ်ရိက္ခာဖူလုံမှုစနစ်များ ထူထောင်ပေးနိုင်ရေး လိုအပ်ချက်အပေါ် လေးလေး နက်နက် ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် လူ့ဘောင်ဘဝကြီး ထွန်းတောက်သာယာလှပအောင် အစွမ်းကုန် အားထုတ်ကြိုးပမ်းစေချင်ကြောင်း ။          ။






အခြားဆက်စပ်သတင်းများ