နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ်ရဲ့ အောက်တိုဘာလအတွက် အကောင်းဆုံးသွင်းဂိုးရှင် လန်ဇီနီ

နိုဝင်ဘာ ၁၈


အောက်တိုဘာလအတွင်းကစားခဲ့တဲ့ စပါးအသင်းနဲ့ ဝက်စ်ဟမ်းအသင်း ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၃−၃ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါ တယ်။ အဲဒီပွဲမှာ စပါးတို့ ၃ ဂိုးစလုံးကို ၁၆ မိနစ်အတွင်းသွင်းယူပြီး အနိုင်နဲ့ကစားနေခဲ့တာပါ။ ဝက်စ်ဟမ်းတို့က နောက်ကလိုက်ပြီး ပြန်လည်ချေပခဲ့ရတာပါ။ ဒီပွဲမှာ လန်ဇီနီဟာပွဲချိန် ၇၇ မိနစ်ရောက်မှသာ လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။ လန်ဇီနီဝင်လာချိန်မှာ စပါးက ၃−၁ ရလဒ်နဲ့နိုင်နေပါတယ်။ နောက်ပွဲချိန် ၈၂ မိနစ်အရောက်မှာတော့ ၃−၂ ရလဒ်ဖြစ်လာပါပြီ။ ပွဲကလည်း ပြီးဆုံးဖို့နီးနေပါပြီ။ စပါးတို့လည်း ၃−၂ ရလဒ်နဲ့ နိုင်ဖို့သေချာသလောက်ဖြစ်နေပါပြီ။ ဒါပေမယ့် မော်ရင်ဟိုတို့ ကံဆိုးချိန်ကတော့ ၉၀+၄ ဆိုတဲ့ ပွဲကစားချိန်အတွင်းမှာပဲ ပြစ်ဒဏ်ဘောကနေတစ်ဆင့် လျှံထွက်လာတဲ့ ဘောလုံးကို လန်ဇီနီက ဂိုးဧရိယာအပြင်ဘက်ကနေ အဝေးကန်ချက်နဲ့လှလှပပကန်သွင်းယူခဲ့ပြီး အဖိုးတန်ချေပဂိုးကို ဝက်ဟမ်းစ် တို့အတွက် သွင်းယူပေးခဲ့ပါတယ်။ လန်ဇီနီဟာ ဒီပွဲမှာ အချိန် ၁၃ မိနစ်သာ ဝင်ရောက်ကစားခဲ့ရပြီး ဝက်ဟမ်းစ် အတွက် အဖိုးတန်ဂိုးသွင်းပေးခဲ့သလို သူ့အတွက်လည်း အောက်တိုဘာလရဲ့ အကောင်းဆုံးသွင်းဂိုးဆုရှင်ဘဝရောက်ခဲ့ရတဲ့ ဂိုးပဲဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ