နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စကော့တလန်နဲ့ မန်ယူက နေရာစုံကစားနိုင်တဲ့ တွန်မီနေး

နိုဝင်ဘာ ၁၈


တွန်မီနေးကို အင်္ဂလန်နိုင်ငံလန်ကတ်စတာမြို့မှာ မွေးဖွားခဲ့ပေမယ့် ဖခင်ရဲ့စကော့တလန်နိုင်ငံအသင်းမှာသာ ပါဝင်ကစားဖြစ်ခဲ့ပါတယ်။ နည်းပြကြီးဖာဂူဆန်ကလည်း စကော့တလန်အသင်းမှာ ကစားဖို့ကိုသာ တိုက်တွန်းခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကစပြီး စကော့တလန်နိုင်ငံလက်ရွေးစင်အသင်းမှာ ၂ နှစ်ကြာကစားပြီး ယနေ့အချိန်မှာတော့ စကော့တလန်တို့ ယူရို ၂၀၂၁ ခြေစစ်ပွဲကို အောင်မြင်ခဲ့ပါတယ်။ ယူရိုခြေစစ်ပွဲနောက်ဆုံး ဆာဘီးယားနဲ့ Play-off ကစားရာမှာ ၁−၁ သရေကျနေတာကြောင့် ပင်နယ်တီကန်သွင်းရာမှာ စကော့တလန်က ၅−၄ နဲ့ အနိုင်ရခဲ့တာပါ။ တွန်မီနေးဟာ လက်ရှိမန်ယူနည်းပြဆိုးရှားရဲ့ ယုံကြည်မှုကို ရရှိနေပြီး မာတစ်၊ ပေါ့ဘာတို့ကိုကျော်ဖြတ်ပြီး ဖရတ်နဲ့အတူပွဲထွက်ကစားခွင့်ရနေသူပါ။ စကော့နည်းပြ စတိကလပ်စ်က တွန်မီနေးကို သုံးယောက်တန်းခံစစ်မှာ ကစားစေခဲ့ပေမယ့် ခြေစွမ်းပြစားနိုင်တဲ့အပြင် ပင်နယ်တီသွင်းဂိုးလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ တွန်မီနေးဟာ မန်ယူမှာ လူငယ်ကစားသမားဘဝအစမှာ တိုက်စစ်မှူးအဖြစ်ကစားခဲ့ပြီး နည်းပြဂျွိုက်က အလယ်တန်းနေရာပြောင်း ကစားခိုင်းခဲ့ပါတယ်။ မော်ရင်ဟိုရောက်လာတော့ နောက်တန်းနေရာကို ထပ်မံပြောင်းလဲကစားခဲ့ရပါတယ်။ လက်ရှိမှာတော့ မန်ယူရဲ့ နောက်တန်းကစားသမားဖြစ်နေပါတယ်။ စကော့တလန်ကို ယူရို ၂၀၂၁ ဆီအရောက်ပို့နိုင်ခဲ့တဲ့ တွန်မီနေးရဲ့ခြေစွမ်းကို လေ့လာစောင့်ကြည့်သူတွေ၊ ပရိသတ်တွေက ချီးကျူးမှုလုပ်နေကြပါပြီ။ တွန်မီနေးရဲ့ ခြေစွမ်းတွေကိုတော့ မန်ယူနဲ့စကော့တလန်အသင်းမှာ ဆက်လက်ကြည့်ရှုရဦးမှာပါ။

(SO)






အခြားဆက်စပ်သတင်းများ