နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစိုးရထောက်ပံ့ကြေးအငြင်းပွားမှုကိစ္စများ ဌာနမှားယွင်း၍ တိုင်ကြားခြင်းမပြုရန် သတိပေး

ရန်ကုန်  နိုဝင်ဘာ ၁၈


နိုင်ငံတော်အစိုးရမှပေးအပ်နေသော ထောက်ပံ့ကြေးမရရှိသူများအနေဖြင့် အငြင်းပွားမှုဖြေရှင်းရန် မြို့နယ် အလိုက်ထားရှိပေးထားပြီးဖြစ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာနသို့ မှားယွင်းတိုင်ကြားမှုများမပြုလုပ်ကြရန် အဆိုပါဌာနမှ သတိပေးထားချက်အရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ရက်ပေါ်တွင် အစိုးရထောက်ပံ့ကြေး အငြင်းပွားမှုကိစ္စများ နှင့်စပ်လျဉ်း ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာနသို့ တိုင်ကြားနိုင်သည်ဟူသော သတင်း များ တက်လာခဲ့ခြင်းကြောင့် ဆက်သွယ်တိုင်ကြားမှုများရှိခဲ့ပြီး ယင်းကိစ္စမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသာ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာနနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများကို ငွေကြေးထောက်ပံ့ခြင်းနှင့်ပတ်သက်၍ တိုင်ကြားစာဖြေရှင်းရေးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို သက်ဆိုင်ရာမြို့နယ်များအလိုက် ထုတ်ပြန်ပေးထားပြီးဖြစ်ရာ ယင်းကိစ္စအတွက် ဌာနမှားယွင်းတိုင်ကြားမှုများမပြုလုပ်ကြရန်နှင့် လူမှုကွန်ရက်သုံးစွဲ သူများအနေဖြင့်လည်း ဝန်ကြီးဌာနများ၏ တရားဝင်ထုတ်ပြန်စာများကိုသာ ယုံကြည်ပေးရန်လိုကြောင်း သတိပေးထားသည်။

"လိုင်းပေါ်တွေ့တဲ့တစ်ချို့ဟာတွေကလည်း မှန်တာရှိပါတယ်။ ဝန်ကြီးဌာနကလည်း တော်တော်နဲ့ မထုတ်ပြန်တော့ ပြည်သူတွေလည်း ကောက်ရိုးတစ်မျှင်ဆိုပြီး တိုင်လို့ရတယ်ဆိုတာ တွေ့ရုံနဲ့ဆိုင်လား၊ မဆိုင်လား မတွေးမိတော့ဘူးလေ။ ဘယ်ဌာနကိုပဲတိုင်တိုင် အကောင်းဆုံးဖြေရှင်းဖို့ပဲ မျှော်လင့်ပါတယ်။ မျှမျှတတဖြေရှင်းပေးရင် ကျေနပ်တယ်"ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် နေထိုင်သူ ဒေါ်မြမြဝင်းက ပြော သည်။

ယခုကဲ့သို့ ထောက်ပံ့ကြေးအငြင်းပွားမှုတိုင်ကြားစာဖြေရှင်းရေးဌာနကို နိုဝင်ဘာ ၁၆ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ထောက်ပံ့ကြေးမရသည့် ပြည်သူများအနေဖြင့်တိုင်ကြားရန်ပေးထားသည့် ဖုန်းနံပါတ် များကိုဆက်သွယ်ရာ အချို့မြို့နယ်များရှိ ဖုန်းနံပါတ်များမှာ ဆက်သွယ်၍မရခြင်းနှင့် စက်ပိတ်ထားခြင်း များကို ကြုံနေရကြောင်း သိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ