နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MPT Money က MPU, Visa, MasterCard, JCB, Union Pay ကတ်များအသုံးပြုခြင်းနှင့် နီးစပ်ရာ NearMe ဆိုင်တို့မှ ငွေဖြည့်နိုင်မည့်ဝန်ဆောင်မှုသစ်ကို မိတ်ဆက်

ရန်ကုန် နိုဝင်ဘာ ၁၈


မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချရဆုံး ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် MPT Money  သည် သုံးစွဲသူများကို ယင်းတို့၏ MPU, Visa, MasterCard, JCB နှင့် UnionPay ကတ်များကို အသုံးပြု၍ ငွေဖြည့်သွင်းနိုင်စေရန်နှင့် သုံးစွဲသူများ၏ အနီးအနားရှိ NearMe ဆိုင်များတွင် လွယ်ကူလျင်မြန် သော အခမဲ့ငွေဖြည့်ဝန်ဆောင်မှု (E-money ငွေဖြည့် သွင်းမှု) ကို ထပ်မံတိုးချဲ့မိတ်ဆက်လိုက်ပြီဖြစ်သည်။ 

ယခုမိတ်ဆက်လိုက်သော ဝန်ဆောင်မှုဖြင့် MPT Money သုံးစွဲသူများသည် ယင်းတို့၏ ငွေပေးချေ ကတ်များကို အသုံးပြု၍ E-Wallet အကောင့်အတွင်းသို့ ငွေသားများဖြည့်သွင်းနိုင်ပြီး မိမိနှင့်အနီးစပ်ဆုံးရှိ NearMe ဆိုင်များတွင်လည်း ငွေဖြည့်သွင်း နိုင်ကြောင်းသိရသည်။ 

အဆိုပါဝန်ဆောင်မှုအသစ်ဖြင့် MPT Money သုံးစွဲသူများသည် MPT Money အက်ပလီကေးရှင်းကို အသုံးပြု၍ ယင်းတို့၏ E-Wallets သို့ ငွေဖြည့်သွင်းမှုကို မြန်မာနိုင်ငံအတွင်း အသုံးပြုနေသော MPU, Visa, MasterCard, JCB (သို့မဟုတ်) UnionPay ငွေပေးချေမှုကတ်များမှတစ်ဆင့် လုံခြုံစိတ်ချစွာ၊ အဆင်ပြေ လွယ်ကူစွာဖြင့် ပြုလုပ်နိုင်မည်ဖြစ်သည်။ ငွေဖြည့်သွင်းမှု လုပ်ဆောင်နိုင်ရန်အတွက် MPT Money သုံးစွဲသူများ အနေဖြင့် ဖြည့်သွင်းငွေပမာဏ အနည်းဆုံး ၅,ဝ၀ဝ ကျပ် ဖြည့်သွင်းရမည်ဖြစ်သည်။ 

ထို့အပြင် MPT Money သုံးစွဲသူများသည် NearMe ဆိုင်များဖြစ်သော မြို့နယ်ရပ်ကွက်တွင်းရှိဆိုင်များ၊ စတိုးဆိုင်များ၊ စူပါမားကတ်များနှင့် စက်သုံးဆီအရောင်းဆိုင်များ၌ ငွေပေးချေမှုအမျိုးမျိုးကို ပြုလုပ်နိုင်ပါသည်။ MPT Money သည် City Mart, City Express, Ocean, City Mart Marketplace, Oasis, Amazing Mart, Amazing Mall, Life Plus, RH & RV Mobile, Aeon Orange Super Market, Carrefour Easy နှင့် Denko ဆီဆိုင်များအပါအဝင် လက်ရှိတွင် ကိုယ်စားလှယ်ပေါင်း ၅၀ဝ ကျော်နှင့် လက်တွဲဆောင်ရွက်လျက် ရှိပြီး အနည်းဆုံး ၁၀,ဝ၀ဝ ကျပ်မှစ၍ မိမိတို့၏ Mobile Wallets အတွင်းသို့ လွယ်ကူ အဆင်ပြေချောမွေ့စွာဖြင့် နီးစပ်ရာ NearMe ဆိုင်တို့တွင် ငွေဖြည့်ဝန်ဆောင်မှုကို ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။ MPT Money သုံးစွဲသူများအနေဖြင့် ငွေဖြည့်သွင်းဝန်ဆောင်မှုများကို ငွေလွှဲခပေးရန်မလိုဘဲ နီးစပ်ရာ NearMe ဆိုင်များနှင့် MPU, Visa, MasterCard, JCB (သို့မဟုတ်) UnionPay ငွေပေးချေမှုကတ်များမှတစ်ဆင့် လုံခြုံစိတ်ချစွာ၊ အဆင်ပြေလွယ်ကူစွာဖြင့် ငွေဖြည့်ဝန်ဆောင်မှုကို  ပြုလုပ်နိုင်မည်ဖြစ်သည်။

MPT Money ၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ၉၉၀ သို့ ဆက်သွယ်ခေါ်ဆိုခြင်း သို့မဟုတ် MPT Money ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/ MPT Money Official သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။


AMH (မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ