နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နှစ်ပတ်လည်အခမ်းအနားကို Online မှ ကျင်းပမည်

နေပြည်တော်  နိုဝင်ဘာ ၁၈


၂၀၂၀ ပြည့်နှစ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန တည်ထောင်ခဲ့သည်မှာ (၂၈)နှစ်ပြည့်ပြီ ဖြစ်သည့်အတွက် ယခင်နှစ်များတွင် အကြောင်းကြောင်းကြောင့် မကျင်းပဖြစ်ခဲ့ခြင်းကြောင့်ဝန်ကြီးဌာန နှစ်ပတ်လည်အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကျင်းပရာတွင် COVID-19 ကပ်ရောဂါကူးစက်မှုကို ထိန်းသိမ်းကာကွယ်ရန် Online မှတစ်ဆင့် ကျင်းပမည်ဖြစ်ပြီး ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများထဲမှ ထူးချွန်ဝန်ထမ်းများကို ရွေးချယ်ကာ ထူးချွန်ဆု ချီးမြှင့်သွားမည့်အစီအစဉ်လည်း ပါဝင်ကြောင်း၊ ထူးချွန်ဝန်ထမ်းရွေးချယ်ရာတွင် အထက်အရာရှိ၏ ပေးမှတ်ကိုသာမက အရာထမ်းအချင်းချင်း၊ အမှုထမ်းအချင်းချင်းပေးမှတ်ကိုပါ ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများအနေဖြင့် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ခရီးသွားလုပ်ငန်းပြန်လည် ရှင်သန်ရန် Myanmar Tourism Strategic Rescue Roadmap MTSRR ကိုနိုင်ငံတကာကျွမ်းကျင်သူများနှင့် အမျိုးသားအဆင့်ရေးဆွဲအတည်ပြုပြီးဖြစ်ကြောင်း၊ COVID-19 ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ပြည်သူများ၏ လူမှုစီးပွားရေးဘဝကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်မှုများ ပြုလုပ်ထားသည့်အတွက် ရေရှည်တွင် စားဝတ်နေရေးအတွက် COVID-19 ရောဂါကူးစက်မှုကို ထိန်းချုပ်ကာကွယ်နိုင်သော နည်းလမ်းမျိုးဖြင့် လုပ်ငန်းများပြန်လည်စတင်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် Enchanting Myanmar Health & Safety Protocols for Safe Tourism Myanmar ကို ရေးဆွဲပြုစုပြီးဖြစ်ကာ လုပ်ငန်းများကို Protocol နှင့်အညီလိုက်နာပြီး ပြန်လည် စတင်နိုင်ရန်  Industry ကို သင်တန်းတွေပေးသွားရမည်ဖြစ်ကြောင်း၊သင်တန်းဆရာများ၏ လိုက်နာမှုကို စစ်ဆေးမည့် Inspector များကိုလည်း အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန်ရှိကြောင်း သိရသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ