နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာကေတမြို့နယ် အတွင်းသို့ စျေးနူန်း ချိုသာစွာဖြင့်စျေးရောင်းကားများလာရောက်ရောင်းချ

ရန်ကုန်    နိုဝင်ဘာ    ၁၈


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းလုပ်ငန်းရှင်တို့ပူးပေါင်း၍ အောက်တိုဘာ ၂၆ ရက်နေ့မှစ၍  စီစဉ်ရောင်းချပေးလျက်ရှိသော Mobile Market ဈေး​ကားများသည် ယနေ့နံနက်ပိုင်း ၇နာရီမှစတင်၍ သာကေတမြို့နယ်ရှိ (၉) ရပ်ကွက်

ရှုခင်းသာလမ်း ရိုးမဘဏ်အရှေ့နှင့် (၁၀) မြောက်ရပ်ကွက် နဝရတ် လမ်းမကြီး ၊ရွှေသပြေရိပ်မွန် အိမ်ရာရှေ့ တို့ ရှိပြည်သူများအားလှည့်လည်ရောင်းချပေးခဲ့ကြောင်းသိရသည်။

"ခုလိုကာလမှာ မြို့နယ်အလိုက်ရပ်ကွက်တွေကို လိုက်ရောင်းတာကိုတော့ကြားပါတယ် ဒီနေ့ကျွန်မတို့ ရပ်ကွက်ကိုလာရောင်းမယ်ဆိုပြီး ညကပဲ လိုက်အော်နေတာကြားတယ် ဒါကြောင့် ဒီမနက်ထွက်လာခဲ့တာပါ ဒီရောက်တော့ စျေးပစ္စည်းတွေလဲအစုံပါတယ် သက်လဲသက်သာတယ် ဆိုတော့အဆင်ပြေတယ်နောက်ပြီး ဝန်ထမ်းတွေကလဲ စနစ်တကျ ဝယ်ယူဖို့အသိပေးနေတော့ အေးအေးဆေးဆေးနဲ့ ဝယ်လို့ရတယ်လေ ကျန်းမာရေးကိုလဲ ကာကွယ်ရာရောက်သလို မကြာမကြာလဲ လာရောက်ရောင်းချပေးစေချင်တယ်" ဟု စျေးလာရောက်ဝယ်ယူသူ အိမ်ရှင်မ တစ်ဦးကပြောသည်။

ယနေ့ရောင်းချသောစျေးကားများတွင် ကြက်သား၊ဝက်သား၊အမဲသား၊ဆိတ်သား၊ဟင်းသီးဟင်းရွက်၊ငါးပိငါးခြောက်၊စားသုံးဆီ၊ရေချို ရေငန် ငါးအမျိုးမျိုး နှင့်ပင်လယ်စာများ စသည့်ကုန်ပစ္စည်းများ တင်ဆောင်ထားသော ကား(၈) စီးတို့ဖြင့် လှည့်လည်ရောင်းချပေးခဲ့ပြီး  ရောင်းချပေးလျက်ရှိသောစျေးကားများတွင်မြို့နယ်စည်ပင်သာယာဝန်ထမ်းများက အနီးကပ်နေ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ ချမှတ်ထားသော စည်းကမ်းများနှင့်အညီ ဝယ်ယူအားပေးကြရန် အသိပေးနိူးဆော်ပေးခဲ့ကြောင်းသိရသည်။


မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ