နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျွန်းလှမြို့နယ်တွင်ဆောင်းနှမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး သီးနှံပေါ်ချိန်ဈေးကောင်းရရှိရန် မျှော်လင့်

ကျွန်းလှ၊  နိုဝင်ဘာ  ၁၇


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နေကြာ၊ နှမ်းတို့စိုက်ပျိုးကြ၍ ယခုနှစ်ဆောင်းနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံပေါ်ချိန်ဈေးကောင်းရရှိရေးတောင်သူတွေမျှော်လင့်နေကြကြောင်း သိရသည်။

“ကျွန်တော် ဆောင်းနှမ်း ၇ ဧကကို GAP နည်းနစ်ဖြင့် စိုက်ပျိုးထားပါတယ်။ တစ်ဧကမျိုးတစ်အိတ်စိုက်ပျိုးပြီးငွေကျပ် ၁၅၀၀၀ ပေးရပါတယ်။ မျိုးဖိုး၊ ထွန်ယက်ခ၊ မြေဩဇာဖိုး၊ လုပ်အားခအပါဝင် တစ်ဧကငွေကျပ် တစ်သိန်းကျော် ကုန်ကျပါတယ်။ ယခုအခါနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေပါတယ်။ နှမ်းဈေး ကလည်းတစ်တင်းငွေကျပ် ၇၀၀၀၀ ဈေးရှိနေပါတယ်”ဟု မကျည်းအင်းကျေးရွာ နှမ်းစိုက်တောင်သူ ကိုစိန်မော်တင်က ပြောပြသည်။

အဆိုပါ နှမ်းစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပညာရှင်များနှင့်ဝန်ထမ်းများက ဘက်စုံ ပိုးမွှားကာကွယ်နည်းစနစ်များ အသုံးပြုရေး၊ မလိုအပ်ဘဲပိုးသတ်ဆေးအသုံးမပြုရေး၊ သဘာဝမြေဩဇာပြုလုပ် သုံးစွဲရေး၊ သဘာဝပိုးသတ်ဆေး၊ ပိုးပြေးဆေးပြုလုပ်သုံးစွဲရေးနှင့် စိုက်ပျိုးရေးဆိုင်ရာအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင်ယာမြေဧက ၄၈၃၉၄ ဧကရှိပြီး၊ဆောင်နှမ်းဧက ၁၂၀၀၀ ကျော်စိုက်ပျိုးကြကြောင်း၊ GAP နည်းစနစ်ဖြင့်ဧက ၂၀ စိုက်ပျိုးကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ






အခြားဆက်စပ်သတင်းများ