နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပီရူးနိုင်ငံတွင် ရက်သတ္တပတ်အတွင်း တတိယမြောက် သမ္မတ ရွေးကောက်တင်မြှောက်

နိုဝင်ဘာ  ၁၇ ၊ လီမာ


ပီရူးလွှတ်တော်မှာ ရက်သတ္တပတ်အတွင်း တတိယမြောက် သမ္မတအဖြစ် ယာယီသမ္မတသစ်တစ်ဦး ရွေးကောက်တင်မြှောက်ခဲ့သည်။ အသက် ၇၆ နှစ်အရွယ်ရှိသည့် လွှတ်တော်အမတ် ဆာဂါစတီမှာ လာမည့်နှစ် သမ္မတရွေးကောက်ပွဲကာလအထိ ပီရူးနိုင်ငံကို ဦးဆောင်မည်ဖြစ်သည်။


ပြီးခဲ့သည့်ရက်သတ္တပတ်တွင် သမ္မတဗစ်ဇ်ကာရာကို လာဘ်ယူသည်ဆိုသော စွပ်စွဲချက်များဖြင့် စွဲချက်တင်ကာ ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ပီရူးနိုင်ငံတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြပွဲများတွင် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရခဲ့သည်။ ဆန္ဒပြပွဲများတွင် လူသေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် ဗစ်ဇ်ကာရာနေရာကို အစားထိုးဝင်ရောက်ခဲ့သည့် ယာယီသမ္မတ မာရီနိုက ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့သည်။


ဆာဂါစတီသည် အနည်းဆုံးရရှိရန် လိုအပ်သည့် မဲ ၆၀ ရရှိခဲ့ပြီးနောက် ယာယီသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က ဗစ်ဇ်ကာရာကို စွဲချက်တင်ရန် မဲခွဲဆုံးဖြတ်ရာတွင် ဆာဂါစတီ၏ ပါတီတစ်ခုတည်းသာ ကန့်ကွက်မဲ ပေးခဲ့သည်။ '' ပီရူးနိုင်ငံအတွက် အဓိကအချက်ကတော့ တည်ငြိမ်အေးချမ်းရေးကို ဆက်ထိန်းထားပြီး အခုကြုံနေတဲ့ အိပ်မက်ဆိုးကို အဆုံးသတ်ဖို့ပါပဲ'' ဟု လွှတ်တော်အမတ် ဒီဘီလန်ဒီက ပြောသည်။



Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ