နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ကရာဂွာနိုင်ငံကို ၂၀၂၀ ပြည့်နှစ်အတွင်း အင်အားအပြင်းဆုံး ဟာရီကိန်းမုန်တိုင်း တိုက်ခတ်

နိုဝင်ဘာ  ၁၇၊ မန်နာဂွာ


ထိခိုက်ပျက်စီးမှုများပြားသည့် မုန်တိုင်းတိုက်ခတ်မှု ကြုံတွေ့ပြီး ရက်သတ္တနှစ်ပတ်မပြည့်မီ နိုင်ကရာဂွာနိုင်ငံ ကမ်းရိုးတန်းကို ဟာရီကိန်းမုန်တိုင်း အိုင်အိုတာ ဝင်ရောက်တိုက်ခတ်ခဲ့သည်။ မုန်တိုင်း ၏ အနောက်ဘက်ဗဟိုချက်မှာ ပြီးခဲ့သည့်တနင်္လာနေ့ညနေပိုင်းက နိုင်ကရာဂွာကမ်းရိုးတန်းကို ဖြတ်သန်း တိုက်ခတ်ခဲ့သည်ဟု အမေရိကန်နိုင်ငံ အမျိုးသားဟာရီကိန်းစင်တာ (NHC)က ပြောသည်။


ကမ်းရိုးတန်းကို မတိုက်ခတ်မီ ပင်လယ်အတွင်း ပြင်းအားအဆင့် (၅) မုန်တိုင်းအဖြစ် အားကောင်းလာခဲ့သည့် ဟာရီကိန်းမုန်တိုင်း အိုင်အိုတာမှာ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၆၀ အထိ ရှိခဲ့သည်။ ကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ်ချိန်တွင် ပြင်းအားအဆင့်(၄) မုန်တိုင်းအဖြစ် အားပျော့သွားသော်လည်း အန္တရာယ်များ နေဆဲဖြစ်သည်။


လေပြင်းတိုက်ခတ်မှု၊ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့် လှိုင်းလုံးကြီးများ တိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှု ကြုံတွေ့နိုင်ကြောင်း (NHC)က သတိပေးထားသည်။ ဟာရီကိန်းမုန်တိုင်း အိုင်အိုတာ မှာ ယခုနှစ်အတွင်း အတ္တလန္တိတ်သမုဒ္ဒရာတွင် တိုက်ခတ်သည့် အင်အားအပြင်းဆုံးမုန်တိုင်းဖြစ်ပြီး ၁၉၃၂ ခုနှစ်နောက်ပိုင်း နိုဝင်ဘာလအတွင်း တိုက်ခတ်သည့်မုန်တိုင်းများအနက် ပထမဆုံး ပြင်းအားအဆင့် (၅) ဟာရီကိန်းမုန်တိုင်းဖြစ်သည်။


လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်က ဟာရီကိန်းမုန်တိုင်း အီတာတိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၀၀ သေဆုံးခဲ့သည်။ ဂွာတီမာလာနိုင်ငံအလယ်ပိုင်း အယ်လ်တာဗီရာပက်ဇ်ဒေသမှာ မုန်တိုင်းဒဏ်အဆိုးရွားဆုံး ခံစားခဲ့ရပြီး လူ ၁၀၀ နီးပါး သေဆုံးခဲ့သည်။    

 Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ