နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်က အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံရှိ အမေရိကန်စစ်သည်များကို ထပ်မံဆုတ်ခွာခိုင်းဖွယ်ရှိ

နိုဝင်ဘာ  ၁၇၊ ဝါရှင်တန်


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံများရှိ အမေရိကန်စစ်သည်များကို ထပ်မံဆုတ်ခွာခိုင်းဖွယ်ရှိနေသည်ဟု အမေရိကန်စစ်တပ်က မျှော်လင့်ထားကြောင်း ကာကွယ်ရေးအရာရှိများက ပြောသည်။ လာမည့်နှစ် ဇန်နဝါရီလလယ်တွင် အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်စစ်သည်ပမာဏကို ၅၀၀၀ မှ ၂၅၀၀ အထိ လျှော့ချသွားမည်ဖြစ်ပြီး အီရတ်နိုင်ငံရှိ အမေရိကန်စစ်သည်ပမာဏကိုလည်း ၃၀၀၀ မှ ၂၅၀၀ အထိ လျှော့ချမည်ဟု အရာရှိများက ပြောသည်။


လာမည့်ခရစ္စမတ်ကာလတွင် ပြည်ပရှိ အမေရိကန်စစ်သည်အားလုံးကို အိမ်ပြန်ခေါ်ချင်သည်ဟု အစောပိုင်းတွင် ဒေါ်နယ်ထရမ့်က ပြောခဲ့ဖူးသည်။ သို့သော် ဒေါ်နယ်ထရမ့်အနေဖြင့် အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံရှိ စစ်သည်များ ပြန်လည်ခေါ်ယူမှုကို ဇန်နဝါရီလ ၁၅ ရက် အပြီးသတ်ဆောင်ရွက်ရမည်ဖြစ်ပြီး နောက် ၅ ရက်အကြာတွင် ရွေးကောက်ပွဲအနိုင်ရထားသည့် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမည်ဖြစ်သည်။


သို့သော် အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံရှိ စစ်သည်များကို ပြန်လည်ခေါ်ယူမည့် ဒေါ်နယ်ထရမ့်၏အစီအစဉ်ကို လက်နက်ကိုင်များက သဘောကျလိမ့်မည်ဟု ရီပတ်ဗလစ်ကန်ပါတီ အထက်လွှတ်တော်အမတ်ခေါင်းဆောင် မက်ကွန်နဲလ်က ဝေဖန်ခဲ့သည်။
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ