နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စီးပွားရေးကျဆင်းမှု ကြုံတွေ့ခဲ့သည့် ဂျပန်နိုင်ငံတွင် စီးပွားရေးပြန်လည်တိုးတက်

နိုဝင်ဘာ ၁၆၊ တိုကျို


စီးပွားရေးကျဆင်းမှု ကြုံတွေ့ခဲ့သည့် ဂျပန်နိုင်ငံမှာ ယခုနှစ် တတိယသုံးလပတ်အတွင်း စီးပွားရေးတိုးတက်မှု ၅ ရာခိုင်နှုန်း ရှိခဲ့သည်။ COVID-19 ကပ်ရောဂါကြောင့် ပိတ်ဆို့မှုလုပ်ခဲ့ရသည့်အတွက် ကုန်ထုတ်လုပ်မှုနှင့် စားသုံးမှုပိုင်းဆိုင်ရာ ကျဆင်းခဲ့သည့် ဂျပန်နိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ပထမ သုံးလပတ် နှစ်ပတ်ဆက်တိုက် စီးပွားရေးတိုးတက်မှု နှေးကွေးခဲ့သည်။


သို့သော် ကမ္ဘာ့တတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်သည့် ဂျပန်နိုင်ငံမှာ လက်ရှိအချိန်တွင် စီးပွားရေးပြန်လည်တိုးတက်လာသည့် လက္ခဏာများ ရှိနေသည်။ စီးပွားရေးတိုးတက်မှုပမာဏမှာ နည်းပါး ဖွယ်ရှိသည်ဟု စီးပွားရေးသုတေသီအချို့က သတိပေးထားသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည် ဦးမော့မှုတွင် အာရှစီးပွားရေးက ဦးဆောင်နေပြီး အဆိုပါအခြေအနေကို Zoom boom ဟု ခေါ်ဆိုလျက်ရှိ သည်။


အိမ်မှ အလုပ်လုပ်ခြင်း၊ Zoom ကဲ့သို့ ပလက်ဖောင်းများအသုံးပြု၍ အွန်လိုင်းအစည်းအဝေးများ လုပ်ခြင်းကြောင့် ဖုန်းနှင့် လက်ပ်တော့ကဲ့သို့ ကိရိယာများ ဝယ်လိုအားမြင့်တက်လာခြင်းကို ရည်ရွယ်၍ ယင်းကဲ့သို့ သုံးနှုန်းခြင်းဖြစ်သည်။ အာရှစီးပွားရေးလုပ်ငန်းများမှာ လက်ပ်တော့၊ ဆက်သွယ်ရေးကိရိယာများနှင့် အခြားအီလက်ထရောနစ် ပစ္စည်းများ အကြီးမားဆုံးထုတ်လုပ်သည့်ဈေးကွက်တစ်ခုဖြစ်သည်။ ဂျပန်နိုင်ငံတွင် ပြည်တွင်းစားသုံးမှု မြင့်တက်လာသည့်အပြင် ပို့ကုန်မြင့်တက်လာခြင်းကြောင့်လည်း စီးပွားရေးတိုးတက်ခဲ့ခြင်းဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ