နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖော့ကလန်ကမ်းခြေနှင့် ပင်လယ်ကွေ့များတွင် မြေမြှုပ်မိုင်းကင်းစင်ပြီဟု ကြေညာ

နိုဝင်ဘာ ၁၅၊ လန်ဒန်

နှစ် ၄၀ နီးပါးအကြာတွင် ယင်းတို့၏ကမ်းခြေများနှင့် ပင်လယ်ကွေ့များတွင် မြေမြှုပ်မိုင်းများ ကင်းစင်သွားပြီဖြစ်၍ ဖော့ကလန်ကျွန်းသူ၊ ကျွန်းသားများ အောင်ပွဲခံခဲ့ကြသည်။ ဗြိတိန်နိုင်ငံ၏ ရေမြေခြား ပိုင်နက်ဖြစ်သည့် ဖော့ကလန်ကျွန်းတွင် ၁၉၈၂ ခုနှစ်က တိုက်ပွဲဖြစ်ပွားခဲ့ရာ အာဂျင်တီးနားတပ်ဖွဲ့များက ခန့်မှန်းခြေအားဖြင့် မြေမြှုပ်မိုင်း ၁၃၀၀၀ ထောင်ခဲ့ကြသည်။

နိုင်ငံတကာ မြေမြှုပ်မိုင်းတားမြစ်ပိတ်ပင်ရေး သဘောတူညီချက်ကို ဗြိတိန်နိုင်ငံက လိုက်နာ ဆောင်ရွက်သည့်အနေဖြင့် ၂၀၀၉ ခုနှစ်ကတည်းက မြေမြှုပ်မိုင်းများ ရှင်းလင်းဖယ်ရှားရန် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ ဖော့ကလန်ကျွန်း၏ ကမ်းခြေများတွင် မိုင်းရှင်းလင်းပြီဆိုသည့် ကြေညာချက်မှာ ဝေးလ်နိုင်ငံတွင် မွေးဖွားသည့် ဆရာဝန် အယ်လ်ဘီအတွက် အထူးနေ့တစ်နေ့ ဖြစ်သည်။ အယ်လ်ဘီသည် ၁၉၉၀ ပြည့်နှစ်က ၂ နှစ်စာချုပ်ဖြင့် ဖော့ကလန်ကျွန်းကို ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါကျွန်းတွင်သာ အခြေချနေထိုင်ခဲ့သူဖြစ်သည်။ သို့သော် ယင်းအနေဖြင့် ဖော့ကလန်ကျွန်း၏ ကမ်းခြေများတွင် လမ်းလျှောက် နိုင်ခဲ့ခြင်းမရှိပေ။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ