နိုဝင်ဘာ ၁၅
LG ၏ ဆန်းသစ်တီထွင်မှုအပြည့်ဖြင့် ဖုန်းသစ်ကို EUIPO အမည်ဖြင့် အီးယူဉာဏမူပိုင်ခွင့်ရုံးတွင် LG Rollable အမည်ဖြင့် Trademark တင်ထားကြောင်း GSMArena က ဖော်ပြထားသည်။ LG က အဆိုပါထုတ်ကုန်အတွက် LG Rollable အပြင် အခြားအမည်အမျိုးမျိုးလည်း ပေးထားသေးသည်။
LG Rollable သည် LG The Roll ၊ LG Double Roll ၊ LG Dual Roll ၊ LG Bi-Roll နှင့် LG Roll Canvas စသည့်အမည်များဖြင့်လည်း ထွက်ရှိထားသည်။ ယခုအသစ်ထွက်လာသည့် Trademark အမည်အရ အဆိုပါဖုန်းသည် Screen ကို ဘေးနှစ်ဖက်ဆွဲထုတ်နိုင်သည့်အပြင် LG Slide အမည်ဖြင့်လည်း တင်ထားသည်။
အဆိုပါထုတ်ကုန်ကို EUIPO ၏ Class 9 တန်းတွင် ထည့်သွင်းထားသည်။ Class 9 အောက်တွင် စမတ်ဖုန်း၊ ဒီဂျစ်တယ်မိုဘိုင်းဖုန်း ၊ စမတ်ဖုန်းအတွက် အီလက်ထရွန်းနစ် Touch screen pen နှင့် Earphones များ၊ လက်တွင် ဝတ်ဆင်နိုင်သည့် စမတ်ဖုန်းများ ပါဝင်သည်။ LG Rollable ဖုန်းသစ်သည် ကုမ္ပဏီ၏ Explorer Project မှထွက်ရှိလာမည့် ထုတ်ကုန်ဖြစ်သည်။
လာမည့် ၂၀၂၁ ခုနှစ် မတ်လထဲတွင် အဆိုပါထုတ်ကုန်ကို စတင်ဖြန့်ချိသွားရန်စီစဉ်ထားပြီး ကမ္ဘာ့ပထမဆုံး ဈေးကွက်ဝင် ခေါက်လိပ်နိုင် Screen ပါသည့် စမတ်ဖုန်းတစ်လုံးဖြစ်သည်။ LG က မကြာသေးမီက ဒေါ်လာ ၈၇၀၀၀ တန် LG ၏ Rollable TV ကို မိတ်ဆက်ခဲ့သေးသည်။
(WP)