နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေနံချောင်းမြို့နယ်တွင် ပြောင်းဖူးများ ဝင်ရောက်မှုများကာ အဝယ်လိုက်နေ

ရေနံချောင်း နိုဝင်ဘာ၁၄


မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် ပြောင်းဖူးများ ဝင်ရောက်လျက်ရှိရာ ပြောင်းဖူးများအရာင်းအဝယ် လိုက်လာပြီး စျေးမှာပုံမှန်စျေးနှုန်းသာ ရောင်းချကြကြောင်း လက်လီလက်ကားရောင်းသူများထံမှ သိရ သည်။

ရေနံချောင်းမြို့ကို ယခင်နှစ်မှာ ကျောက်ပန်းတောင်းမြို့နယ်၊ အောင်လံမြို့နယ်မှ မော်တော်ကားများဖြင့် တင်ပို့သော်လည်း ယခုကာလမှာ တင်ပို့မှုမရှိဘဲ ဧရာဝတီမြစ်ရိုးဒေသတစ်လျှောက်ရှိ ကျေးရွာများနှင့်မြို့နယ် စိုက်ပြောင်းဖူးများ ဝင်ရောက်လျက်ရှိသည်။

''ရေနံချောင်းမြို့နယ်မှ ပြောင်းဖူးလက်လီရောင်းသူ မသန့်မှ ပြောင်းဖူးတွေ အဆက်မပြတ်ဝင်နေပြီး စျေးနှုန်း မှာ ပြောင်းဖူးတစ်ရာပါပီနံအိတ်တစ်အိတ်လျှင် ပြောင်းဖူးအကြီးအသေးပေါ်မူတည်၍ ကျပ် ၁၀၀၀၀ ကနေကျပ် ၁၃၀၀၀ အတွင်းဝယ်ရကြောင်း ယခင်နှစ်မှကျောင်းရှိတဲ့အတွက် တစ်နေ့အဖူးတစ်ရာ ဝန်းကျင်ရောင်းရ သော်လည်း လက်ရှိမှာ အဖူးထက်ဝက်ခန့်သာ ရောင်းရကြောင်း လက်လီအားထားနေရတယ်''ဟု ပြောသည်။

ရေနံချောင်းမြို့နယ်တွင် မိုးရာသီ၌ ဖူးစားပြောင်း ဧက ၈၄၀၅ နှင့် ဆောင်းရာသီ၌ ဧကနှစ်ရာနီးပါးလျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ယခုနှစ် သီးနှံလျာထားမှုစာရင်းအရ သိရှိရသည်။

ဆန်းညွန့် (ရေနံချောင်း)






အခြားဆက်စပ်သတင်းများ