နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်း၌ အော်ဂဲနစ်ငါးများ မွေးမြူထုတ်လုပ်သော သဘာဝငါးမွေးမြူရေးစနစ် တိုးချဲ့လုပ်ကိုင်ရန်လိုအပ်

ရန်ကုန်၊  နိုဝင်ဘာ  ၁၄


အော်ဂဲနစ်ငါးများ ပြည်ပဈေးကွက်များသို့ အများအပြားတင်ပို့နိုင်စေရေးအတွက် ပြည်တွင်းရှိ ငါးမွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် သဘာဝငါးမွေးမြူရေးစနစ် တိုးချဲ့လုပ်ကိုင်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါး လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြက်စားငါးကြင်းများကို ဦးစားပေးမွေးမြူသော သဘာဝငါးမွေးမြူရေးစနစ်ကို ပြည်တွင်း၌ လုပ်ကိုင် ဆောင်ရွက်သူ နည်းပါးသည့်အတွက် အော်ဂဲနစ်ငါးများ အထွက်နည်းနေသေးပြီး ပြည်ပဈေးကွက်များသို့ တန်ချိန်အမြောက်အမြား တင်ပို့နိုင်ရန် မဖြစ်နိုင်သေးကြောင်း၊ လက်ရှိတွင် ပြည်တွင်း၌ သဘာဝငါးမွေးမြူရေး စနစ်ကို အသုံးပြုကာ အော်ဂဲနစ်ငါးများအား ကိုယ်တိုင်မွေးမြူနေသော လုပ်ငန်းရှင်အနည်းအကျဉ်းသာ ပြည်ပ ဈေးကွက်သို့ တင်ပို့နိုင်သည်အထိ အောင်မြင်မှုရရှိသေးကြောင်း သိရသည်။

သဘာဝငါးမွေးမြူရေးစနစ်တွင် ငါးကန်များကို ကန်ပေါင်မြှင့်ပြီး မိုးရေခံကာ မွေးမြူခြင်းကြောင့် ငါးရောဂါ များ ဖြစ်ပွားမှုနှုန်းနည်းပါးသဖြင့် ငါးပိဿာချိန်အများအပြားထွက်ရှိနိုင်သည့်အပြင် ငါးအစာအဖြစ် မြက်များ ကိုသာ ကျွေးရသောကြောင့် လက်ရှိ ငါးမွေးမြူရေးနည်းစနစ်များထက် ကုန်ကျစရိတ် ပိုမိုသက်သာကြောင်း သိရသည်။

ထိုသို့ ငါးစာမြက်များကျွေးရာတွင် သဘာဝအလျောက်ပေါက်ရောက်သော မြက်နုများကို ရှာဖွေကာ စနစ်တကျစီစဉ်ကျွေးမွေးလေ့ရှိပြီး သားဖောက်ရာတွင်လည်း ဆေးထိုးသားဖောက်ခြင်း၊ ဆေးဝါးများသုံး၍ သားဖောက်ခြင်း စသည့်နည်းလမ်းများ အသုံးမပြုဘဲ သဘာဝအလျ ောက် သူ့ရာသီအလိုက် သားပေါက်စေခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ