နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID ကာလအတွင်း ယွန်းထည်စျေးကွက် ရပ်ဆိုင်းရမှုများရှိလာ

ရန်ကုန် နိုဝင်ဘာ ၁၄ 


လက်ရှိအချိန်သည် ကမ္ဘာတစ်ဝှမ်းလုံး COVID-19 ကပ်ရောဂါကိုခံစားနေရချိန် ဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်း အပါအဝင် စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းနေသည့် အချိန်ဖြစ်ပြီး ယွန်းထည်ဈေးကွက် မှာလည်း ရပ်ဆိုင်းမှုများ တွေ့ကြုံနေရကြောင်း သိရသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကို ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံမူတစ်ရပ်ဖြစ်သော မြန်မာ့ရိုးရာလက်မှုအနုပညာ ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပုဂံမြို့တွင် ယွန်းပညာကောလိပ်ကို တည်ထောင်ဖွင့်လှစ်ထားပြီး ပညာရပ် ဆိုင်ရာ ထွန်းကားပြန့်ပွားရေးအပြင် ယွန်းထည်ပစ္စည်းလုပ်ငန်းဈေးကွက်ဖွံ့ဖြိုးရေးကိုလည်း အားပေးကူညီ လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ယွန်းဈေးကွက် ပြန်လည်ရရှိရန် ပြည်ပစီးပွားရေးကောင်စစ်ဝန်ရုံးများတွင် ယွန်းထည်ပစ္စည်း များ ပြသသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့ယွန်းလက်မှုပညာများ တိမ်ကောပပျောက်မှုမရှိစေဘဲ ပြည်ပယွန်းဈေးကွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ပြည်ပနိုင်ငံများရှိ စီးပွားရေး ကောင်စစ်ဝန်ရုံးများတွင် ယွန်းထည် ပြသထားရှိပြီး ဈေးကွက်ပြန်လည်ရရှိရေး ဆောင်ရွက်နိုင်ရန်အတွက် ယွန်းထည်ပစ္စည်း မျိုးစုံ ၃၅၄ မျိုး၊ တန်ဖိုးကျပ် (၁၆ ဒသမ ၉၈) သန်းနှင့် ယွန်း Catalogue အုပ်ရေ ၃၀၀ တို့ကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့သို့ လွှဲပြောင်းပေးအပ်ထားပြီးဖြစ်ကြောင်းသိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ