နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID ကြောင့် သရက်စျေးကွက် ထိခိုက်မှုများရှိနေ

ရန်ကုန် နိုဝင်ဘာ ၁၄


သရက်ရာသီမှာ သရက်ခြံအများစု  ကိုဗစ်ကြောင့် ဈေးကွက်သို့ကောင်းမွန်စွာတင်ပို့ ရောင်းချနိုင်ခြင်းမရှိ သဖြင့် ခြံရှင်များမှာ လာမည့်နှစ်အတွက် သွင်းအားစု ထည့်သွင်းခြင်း၊ အပင်ပြုစုခြင်း ၊မြေပြုပြင်ခြင်းများကို ပြုလုပ်မှု အလွန်နည်းပါးလာကြောင်း သိရသည် ။

ယခုနှစ်လာနီညာ ရာသီဥတုကြောင့်မိုးနှောင်းကောင်းပြီး အအေးဓာတ်ပိုမို ဖြစ်ပေါ်လာနိုင်သည့်အတွက် သရက်စိုက် တောင်သူများအနေဖြင့် အထူးသတိထားရန်လိုအပ်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေး အသင်းထံမှသိရသည် ။

နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အားအသင့်အတင့်မှ အားကောင်းသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်သည့်အတွက် မြန်မာနိုင်ငံတွင် ပုံမှန်ထက် မိုးရွာသွန်းမှုပိုလာနိုင်ကြောင်း သိရသည် ။

အရည်အသွေးကောင်းပို့ကုန်သရက်သီးများထုတ်လုပ်နိုင်ရန် ဖြည့်စွက်သွင်းအားစုများကို အချိန်ကိုက် စနစ်တကျ ကျွေးခြင်း၊ မှိုဆေးဖျန်းခြင်းနှင့် ပိုးမွှားကာကွယ် ရေးလုပ် ငန်းများကို တစ်နှစ်ပတ်လုံးအချိန်ကိုက် စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်းသိရသည် ။

မန္တလေးတိုင်းဒေသကြီးအတွင်း သရက်စိုက်ဧက ၈၀၀၀ ကျော်ရှိပြီး နေပြည်တော်၊ ဧရာဝတီ၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ ကချင်ပြည်နယ်တို့တွင် အောင်မြင်ဖြစ်ထွန်းပြီး   ယခင်နှစ်သရက်ရာသီတွင် ကိုဗစ်ကာလဖြစ်တာ ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်စက်တင်ဘာလကုန်အထိ တန်ချိန် ၄၂၀၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထက် တန်ချိန် ၅ သောင်းကျော် လျော့ကျသွားကြောင်းသိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ