နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အညာဒေသ၌ နဂါးမောက်စိုက်ပျိူးခြင်းဖြင့် ဝင်ငွေရရှိနေ

ချောက် နိုဝင်ဘာ ၁၄


အညာဒေသ၌နဂါးမောက်ကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့်လုပ်ငန်းဖြင့် ဝင်ငွေရရှိနေကြောင်း ချောက်မြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်မှ ဒေသခံစိုက်ပျိုးရေးလုပ်ကိုင်သူများထံက သိရသည်။        နဂါးမောက်ကို တစ်ပိုင်တစ်နိုင်စိုက်ကြပြီး တစ်နှစ်မှာ နဂါးမောက်ပင်ကနေ လေးကြိမ်ခန့်ဆွတ်ခူးရရှိနိုင်သည့် အပြင် နှစ်ရှည်ပင်ဖြစ်သောကြောင့် မိသားစုအတွက်ဝင်ငွေရနေကြောင်း သိရသည်။

ဒီလုပ်ငန်း(နဂါးမောက်စိုက်ခြင်း)လုပ်ငန်းကို အချို့ကတစ်ပိုင်တစ်နိုင် အပင်ရေနှစ်ဆယ်ကျော်ပဲ မိမိခြံထဲ မှာနေရာအကျယ်အဝန်းအလိုက်စိုက်တယ်။ မိသားစုအပိုဝင်ငွေရပြီး မိသားစုအနေနှင့်နဂါးမောက်သီးကို      အပြင်ကနေဝယ်မစားရတော့ ငွေကုန်ကြေးကျသက်သာကြောင်း ပုပ္ပါးဒေသခံတစ်ဦးက ပြောသည်။ စျေးကွက်၌ နဂါးမောက်သီးတစ်လုံးလျှင် ကျပ် ၅၀၀ ဝန်းကျင်ရရှိပြီး ဆေးဖက်ဝင်အဖြစ်လည်းကောင်း၊        ရာသီစာအဖြစ်လည်းကောင်း စားသုံးကြသည့်အသီးတစ်မျိုးဖြစ်ကြောင်း သိရသည်။

ဆန်းညွန့် (ရေနံချောင်း)






အခြားဆက်စပ်သတင်းများ