နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါရီမြို့အကြမ်းဖက်တိုက်ခိုက်မှု ၅ နှစ်မြောက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ကျင်းပ

နိုဝင်ဘာ  ၁၃၊ ပါရီ


ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ဂျီဟတ်လက်နက်ကိုင်များကြောင့် လူ ၁၃၀ သေဆုံးခဲ့သည့် ငါးနှစ်မြောက် ဝမ်းနည်း ခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့သည်။ အစ္စလာမ်အကြမ်းဖက် အဖွဲ့ ၃ ဖွဲ့၏ ပစ်ခတ်၊ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူ ၁၃၀ သေဆုံးခဲ့သည့်အပြင် လူ ၃၅၀ ဒဏ်ရာရခဲ့သည်။ အဆိုပါတိုက်ခိုက်မှုမှာ ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း စစ်ပွဲအလွန်ကာလတွင် ပြင်သစ်နိုင်ငံ၏ လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုဖြစ်သည်။


၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်က Eagles of Death Metal အဖွဲ့ ဖျော်ဖြေနေသည့် ဘာတာကလန်ဇာတ်ရုံတွင် ကျင်းပခဲ့သည့် ရော့ခ်ဂီတဖျော်ဖြေပွဲကို သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူ ၉၀ သေဆုံးခဲ့သည်။ ထို့နောက်တွင် အကြမ်းဖက်သမားများက ပြင်သစ်နှင့် ဂျာမနီအသင်း ခြေစမ်းပွဲ ကစားနေသည့် စတိတ်ဒီဖရန့် ဘောလုံးကွင်းအတွင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့သည့်နောက် ဘောလုံးကွင်းဂိတ်တံခါးများတွင် ဗုံးဖောက်ခွဲခဲ့သည်။ ပါရီမြို့ရှိ ကဖေးဆိုင်များတွင်လည်း သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် လူအများအပြား သေဆုံးခဲ့သည်။


ပါရီမြို့ အကြမ်းဖက်တိုက်ခိုက်မှု ၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၁၃ ရက်ည ၈ နာရီအချိန်တွင် အီဖယ်မျှော်စင်ရှိ မီးများကို ပိတ်ထားမည်ဖြစ်ပြီး တစ်နာရီကြာအထိ မီးများကို မှိတ်တုပ်မှိတ်တုပ်လုပ်ကာ သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်မည်ဖြစ်သည်။ ည ၈ နာရီခွဲအချိန်တွင် သေဆုံးသူ များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လက်ဘနွန်နိုင်ငံသား ကဗျာဆရာ၊ တေးရေးဆရာ အယ်လ်ခိုရီ၏ ဂန္ထဝင်တေးဂီတကို ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ