နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုင်းနိုင်းကျွန်းဆွယ်တွင် ရဟတ်ယာဉ်ပျက်ကျ၍ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး

နိုဝင်ဘာ  ၁၃၊ ကိုင်ရို


အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်တွင် ရဟတ်ယာဉ်ပျက်ကျခဲ့၍ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့သည်။ ရှမ်အယ်ရှိတ်မြို့နားတွင် ပုံမှန်ပျံသန်းမှုလုပ်နေသည့် ရဟတ်ယာဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပေါ်မှာ လူ ၉ ဦး လိုက်ပါခဲ့သည်ဟု နိုင်ငံတကာတပ်ဖွဲ့နှင့် စောင့်ကြည့်သူများ (MFO) က ပြောသည်။


အဆိုပါရဟတ်ယာဉ်ပျက်ကျမှုတွင် အမေရိကန်နိုင်ငံသား ၆ ယောက်၊ ပြင်သစ်နိုင်ငံသား ၁ ယောက်၊ ချက်နိုင်ငံသား ၁ ယောက် သေဆုံးခဲ့ပြီး အမေရိကန်နိုင်ငံသားတစ်ဦးမှာ အသက်ရှင်လွတ်မြောက်ခဲ့သည်။ ယင်းကို ဆေးကုသပေးရန်အတွက် အစ္စရေးဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် တင်ပို့ခဲ့သည်။


ရဟတ်ယာဉ်ပျက်ကျသည့် အကြောင်းရင်းကို ဆုံးဖြတ်နိုင်ရန် စုံစမ်းစစ်ဆေးမှုပြုလုပ်သွားမည်ဟု MFO က ပြောသည်။ ဆိုင်းနိုင်းကျွန်းဆွယ်တွင် IS အဖွဲ့နှင့်ဆက်နွှယ်သည့် ဂျီဟတ်လက်နက်ကိုင်များ လှုပ်ရှားလေ့ရှိသည်။ ပြီးခဲ့သည့်နှစ်များအတွင်း ဂျီဟတ်လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကြောင့် အီဂျစ်လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် အရပ်သားရာချီ သေဆုံးခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ