နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုပစိဖိတ် ကုန်သွယ်ရေး သဘောတူညီမှုတွင် မြန်မာပါဝင် လက်မှတ်ရေးထိုးမည်

ရန်ကုန်၊  နိုဝင်ဘာ  ၁၃


အာဆီယံ ၁၀ နိုင်ငံနှင့် ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား စသည့်နိုင်ငံပေါင်း ၁၅ နိုင်ငံ ပူးပေါင်းပြီး Regional Comprehensive Economic Partnership(RCEP) ဒေသတွင်းနိုင်ငံများအကြား လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီမှုစာချုပ်ကို နိုဝင်ဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ရာ မြန်မာနိုင်ငံအနေနှင့် ပါဝင်လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကုန်ထုတ်လုပ်မှုမြင့်မားသော နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးမည့် အဆိုပါ RCEP ဒေသတွင်းနိုင်ငံများအကြား ကုန်သွယ်ရေးသဘောတူညီမှုစာချုပ်မှတစ်ဆင့် လွတ်လပ်သောကုန်သွယ်ရေး ဇုန်တစ်ခု ပေါ်ပေါက်လာလိမ့်မည်ဟု ကမ္ဘာ့စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြသည်။

ယခု သီတင်းပတ်အတွင်း ကျင်းပပြုလုပ်ခဲ့သော RCEP အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိများ သဘောတူလက်မှတ်မရေးထိုးမီ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် အကောက်ခွန်သက်သာခွင့် အစီအစဉ်များလည်းပါဝင်ပြီး ယင်းသဘောတူညီချက် အကောင်အထည်ပေါ်လာသောအခါ မြန်မာနိုင်ငံမှ ပို့ကုန် များ  RCEP ဒေသတွင်းနိုင်ငံများသို့ အတားအဆီးအနည်းဆုံးနှင့် ရောက်ရှိသွားနိုင်သလို မြန်မာနိုင်ငံအနေနှင့် လည်း နိုင်ငံတကာဈေးကွက်တွင် ပိုမိုဝင်ဆန့်လာနိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောသည်။

အဆိုပါ Regional Comprehensive Economic Partnership(RCEP) သဘောတူညီမှု ရရှိရန်အတွက် လွန်ခဲ့သော ၂၀၁၁ ခုနှစ်မှစ၍ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ်ကျမှ နောက်ဆုံးအဆင့် သဘော တူညီမှုရရှိခြင်းဖြစ်ကြောင်း သိရသည်။

(မိုးယံထက်)






အခြားဆက်စပ်သတင်းများ