နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခေါက်ကြေးတိုးပေးရသော်လည်း ခေါက်ရေများလျော့ကျလာသဖြင့် ကုန်တင်ယာဉ်ပိုင်ရှင်များ ထိခိုက်မှုရှိလာ

ရန်ကုန်  နိုဝင်ဘာ  ၁၃


COVID-19 ကာလအတွင်း ရပ်နားလိုက်သည့်ကုန်တင်ယာဉ်မောင်းများရှိသဖြင့် လက်ရှိမောင်းနှင်နေသည့် ကုန်တင်ယာဉ်မောင်းများကို ခေါက်ကြေးပိုမိုတိုးပေးနေရသော်လည်း လမ်းခရီးတွင် ကျန်းမာရေးစစ်ဆေးမှု အနေ အထားများအရ ခေါက်ရေပြေးဆွဲမှုများမှာ လျော့ကျလာသည့်အတွက် ယာဉ်ပိုင်ရှင်များ ထိခိုက်မှုရှိလာကြောင်း ရန်ကုန်-မော်လမြိုင် ကုန်တင်ယာဉ်ပိုင်ရှင်များထံမှ သိရသည်။

ယာဉ်မောင်းများအနေဖြင့် COVID-19  မဖြစ်မီက တစ်လလျှင် ရှစ်ခေါက်၊ကိုးခေါက်မျှ လမ်းကြောင်း မောင်းနှင်မှုများ ရှိသော်လည်း လက်ရှိတွင် လမ်းကြောင်းအရေအတွက် လေးကြောင်း၊ ငါးကြောင်းမျှသာ ပြေးဆွဲပေးနိုင်ကြောင်း၊ ရရှိသည့်ခေါက်ကြေးနှင့် Test kit စစ်ဆေးခများမကိုက်ဟုဆိုကာ ရပ်နားပစ်လိုက် သည်များရှိသည့်အတွက် ယာဉ်ပိုင်ရှင်များအနေဖြင့် တဖြည်းဖြည်းထိခိုက်မှုများ ကြုံလာရကြောင်း ရန်ကုန်-မော်လမြိုင် အဝေးပြေးကုန်တင် ယာဉ်ပိုင် ရှင်တစ်ဦးက ပြောသည်။

'' Test Kit စစ်တာက သုံးခေါက်ဆိုရင် ကျွန်တော်တို့ယာဉ်ပိုင်ရှင်တွေက နှစ်ခေါက်အကုန်ကျခံပေးပါတယ်။ ပုံမှန် ကုန်စည်တင်ပို့နေရတဲ့လမ်းကြောင်းမှာ တချို့ထွက်သွားတဲ့ယာဉ်မောင်းတွေ၊ မမောင်းတော့တာ မျိုးရှိတော့ ယာဉ်မောင်းသစ်ကို နှစ်ဆပေးငှားရတာတွေ ရှိလာတယ်။ဒါပေမယ့် ခေါက်ရေက လျော့သွားတဲ့ အတွက် ယာဉ်ပိုင်ရှင်တွေ ထိတာပေါ့'' ဟု ရန်ကုန်-မော်လမြိုင် အဝေးပြေးကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုမျိုးဇော်က ပြောသည်။

လက်ရှိတွင် ကုန်တင်ယာဉ်မောင်းများကို သက်ဆိုင်ရာဂိတ်များတွင် Antigen Testkit များ စစ်ဆေး ပေးနေသလို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်လည်း ရန်ကုန်မြို့ MCC ခန်းမတွင် အောက်တိုဘာ ၄  ရက်မှစ၍ COVID-19 ရောဂါပိုး စစ်ဆေးပေးလျက်ရှိသည်။ တိုင်းဒေသကြီးများတွင် ကုန်စည် စီးဆင်းမှုမြန်ဆန်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် အဓိကထားကာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် UMFCCI တို့ပူးပေါင်း၍ ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်မှုများလည်း ရှိနေကြောင်း သိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ