နိုဝင်ဘာ ၁၂
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်ကစပြီး Google Photos ပေါ် တင်လိုက်သည့် ဖိုင်များကို 15GB အထိသာ Default storage သိမ်းနိုင်မည်ဖြစ်ပြီး Google အကောင့်သစ်တစ်ခုရှိတိုင်း 15GB စာ ဓာတ်ပုံများ သိမ်းဆည်းနိုင်မည်ဖြစ်သည်။ လာမည့် ၂၀၂၁ ခုနှစ် ဇွန်လမတိုင်မီ တင်လိုက်သည့် ဓာတ်ပုံနှင့် စာဖိုင်များက 15GB သတ်မှတ်ချက်တွင် ပါရှိမည်မဟုတ်ပေ။ ဇွန် ၁ ရက်နောက်ပိုင်း တင်သည့်ဓာတ်ပုံများကိုသာ 15GB ကန့်သတ်ချက်ထဲ စပြီးထည့်သွင်းသွားမည်ဖြစ်သည်။
Google အကောင့်တစ်ခုအတွက် ရသည့် 15GB ပြည့်သွားပါက ဓာတ်ပုံများ ဆက်ပြီးတင်နိုင်ရန်အတွက် Google One plan တစ်ခုခုတွင် အခကြေးငွေဖြင့် စာရင်းသွင်းရမည်ဖြစ်ပြီး အဆိုပါဝန်ဆောင်မှုကို အသုံးမပြုသည်မှာ ၂ နှစ်ကျော်သွားသည်ဖြစ်စေ၊ Storage ပြည့်သွားသည်မှာ ၂ နှစ်ကျော်သွားသည်ဖြစ်စေ မိမိ၏ Contents များကို Google က ဖျက်သွားမည်ဖြစ်သည်။
Google Photos ၏ အစီအစဉ်သစ်တွင် Pixel ဖုန်းများ မပါရှိပေ။ Pixel ဖုန်းအသုံးပြုသူများက ဓာတ်ပုံများကို အခမဲ့ ၊ Unlimited စိတ်ကြိုက် ဆက်လက်သိမ်းထားနိုင်မည်ဖြစ်ပြီး Android ၊ iOS နှင့် Desktop ပလက်ဖောင်းအားလုံးရှိ Google Photos ဝန်ဆောင်မှုသုံးသူတိုင်းတွင်သာ အဆိုပါအစီအစဉ်တွင် အကျုံးဝင်သည်။
(WP)