နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Apple က ကိုယ်ပိုင် chip ဖြင့် ပထမဆုံးကွန်ပျူတာ ထွက်ရှိလာမည်

နိုဝင်ဘာ  ၁၁


One More Thing အမည်ဖြင့်ကျင်းပသည့် ထုတ်ကုန်သစ်မိတ်ဆက်ပွဲတွင် Apple-Designed Processor သုံး Macs ထုတ်ကုန်သစ်သုံးမျိုးကို ကြေညာခဲ့သည်။ အသစ်ကြေညာလိုက်သည့် Macs ကွန်ပျူတာများထဲတွင် MacBook Air လက်ပ်တော့သစ်၊ ၁၃ လက်မဆိုဒ် MacBook Pro နှင့် Mac Mini Desktop ကွန်ပျူတာတို့ ပါဝင်ခဲ့သည်။

ဒီဇိုင်းပိုင်းအရ လက်ရှိထွက်ထားသည့် Mac ကွန်ပျူတာမျိုးဆက်ဖြင့် တစ်ထပ်တည်းနီးပါဖြစ်ပြီး ကိုယ်ပိုင် Processor သစ်ဖြစ်သည့် M1 အသုံးပြုထားသည် Apple က M1 Chip ၏ လုပ်ဆောင်ချက်ကို အမျိုးမျိုး၏ ကောင်းမွန်သည့်အရည်အသွေးများအကြောင်း ပြောဆိုထားပြီး လက်ရှိ Macs များသည် ဘက်ထရီသက်တမ်း အရ ပိုကောင်းမွန်လာမည်ဟု ပြောထားသည်။ 

M1 chips များ၏ CPU စွမ်းရည်တွင် ၃ ဆခွဲအထိ မြန်ဆန်နိုင်ပြီး GPU လုပ်ဆောင်ချက်တွင် ၆ ဆနှင့် Machine learning ပိုင်းတွင် ၁၅ ဆ ပိုမြန်လာမည်ဟု ပြောထားသည်။ ဘက်ထရီအားခံမှုအနေဖြင့် ယခင်မျိုးဆက် Macs များထက် ၂ ဆအထိ ပိုသက်တမ်းခံနိုင်မည်ဖြစ်သည်။ M1 chip သည် iPhone 12 နှင့် iPad Air သစ်များတွင် သုံးသွားသည့် Processor ဖြင့်ဆင်တူပြီး မတူညီသည့် Architecture ဖြင့် တည်ဆောက်ထားကာ အဆိုပါ Processor တွင် စွမ်းရည်မြင့် High-Performance Cores ၄ ခုနှင့် စွမ်းအင် ထိရောက်မှုမြင့်သည့် High-Efficiency Core ၄ ခု ပါရှိသည်။ 

ARM-Based M1 Chip နှင့်အတူ အသစ်ထွက်လာသည့် MacBook Air သစ်သည် 6K Display အထိ ပံ့ပိုးပေးနိုင်ကြောင်း ပြောထားသည်။ MacBook Air သစ်ကို ဒေါ်လာ ၁၀၀၀ ဈေးဖြင့်  နိုဝင်ဘာ ၁၇ ရက်မှ စတင်ရောင်းချသွားမည်ဖြစ်ပြီး Pre-Order ကို လက်ခံနေပြီဖြစ်သည်။

၁၃ လက်မဆိုဒ် MacBook Pro သည် ၁၂၉၉ ဒေါ်လာဈေးဖြင့် ရောင်းချသွားမည်ဖြစ်ပြီး macOS 11 Big Sur နှင့် ဖြန့်ချိသွားမည်ဖြစ်ပြီး  MacBook Pro သစ်၏ စွမ်းဆောင်ရည်သည် ယခင်မျိုးဆက်ထက် ၂ ဒသမ ၈ ဆပိုမြန်ပြီး ဂရပ်ဖစ်စွမ်းရည် ၅ ဆအထိ ပိုသွက်လက်မှုရှိကာ MacBook Air သစ်ဖြင့် မတူသည်က အဆိုပါထုတ်ကုန်တွင် Cooling Fan စနစ်တစ်ခုလည်း ပါဝင်လာသည်။ Thunderbolt လေးခုနှင့်အတူ Touch Bar တစ်ခုလည်း ပါရှိလာပြီး အင်တာနက်ဝက်ဘ်ရှာဖွေရေးကို ၁၇ နာရီအထိ ပြုလုပ်နိုင်ပြီး Video Playback ကြည့်မှုကို နာရီ ၂၀ အထိ လုပ်ဆောင်နိုင်မည်ဖြစ်သည်။  MacBook Pro သစ်ကို RAM 8GB / 16GB ၊ Storage 256GB / 512GB ၊ 1TB / 2TB SSD မော်ဒယ်များဖြင့် ထွက်ရှိထားပြီး Mac Mini ကို ဒေါ်လာ ၇၀၀ ဈေးဖြင့် ရောင်းချသွားမည်ဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ