နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရော်ဘာများကို ကုမ္ပဏီများနှင့် ဒေသတွင်းအဝယ်ဒိုင်များမှ ဝယ်ယူမှုမြင့်တက်နေသဖြင့် ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်

မွန်ပြည်နယ်  နိုဝင်ဘာ ၁၁


ယခုအခါ မွန်ပြည်နယ်၏အစေးလှီးရာသီချိန်သို့ ရောက်ရှိလာနေပြီဖြစ်သဖြင့် ရော်ဘာအစေးလှီး လုပ်ငန်းများကို ပြန်လည်စတင်လုပ်ကိုင်ဆောင်ရွက်နေကြပြီဖြစ်သည်။ ထို့ကြောင့် ဒေသတွင်ရော်ဘာဈေး ကွက်များလည်း ပြန်လည်သွက်လက်လှုပ်ရှားလာခဲ့သည်။ ဈေးကွက်စတင်လှုပ်ရှားလာသည်နှင့် ရော်ဘာ လုပ်ငန်းကုမ္ပဏီများနှင့် ဒေသတွင်းအဝယ်ဒိုင်များမှ ဝယ်လိုအားမှာလည်း မြင့်တက်လာခဲ့သည်။ ထို့ကြောင့် ဒေသတွင် ရော်ဘာဈေးကွက်တွင် ရော်ဘာဈေးနှုန်းများမှာ တစ်ရိပ်ရိပ်မြင့်တက်လာခဲ့သည်။

ရာမညကုန်သွယ်မှုဗဟိုဌာန၏  သတင်းများအရ RSS-3 အဆင့်ရှိ ရော်ဘာတစ်ပေါင် ဈေးနှုန်းများမှာ ၂၀၂၀ အောက်တိုဘာ ၁၂ ရက်တွင် ၇၀ဝ ကျပ်အောက်၊ ၁၉ ရက်တွင် ၇၅၀ ကျပ်၊ ၂၆ ရက်တွင် ၈၀ဝ ကျပ်နှင့်  ၃၁ ရက်တွင် ၈၄၀ ကျပ်အထိ တစ်ရိပ်ရိပ်မြင့်တက်လာခဲ့သည်။ ယခုနိုဝင်ဘာလဆန်းပိုင်းတွင်မူ ရာသီဥတုအခြေအနေများကြောင့် ရော်ဘာဝယ်ယူမှုအနည်းငယ်ကျဆင်းသွားခဲ့သည်။

ထို့ကြောင့် ဈေးနှုန်းများလည်း အနည်းငယ်ကျဆင်းလာခဲ့ရာ RSS-3 အဆင့် ရော်ဘာတစ်ပေါင် ဈေးနှုန်းများမှာ နိုဝင်ဘာ ၃ ရက်တွင် ၇၇၀ ကျပ်နှင့် နိုဝင်ဘာ ၄ ရက်တွင် ၇၄၀ ကျပ်သို့ ကျဆင်းသွားခဲ့သည်။ ယခင်နှစ်က အလားတူကာလတွင် RSS အဆင့်ရော်ဘာတစ်ပေါင်လျှင် ငွေကျပ် ၇၆၀ ကျပ်ပေါက်ဈေးရှိခဲ့သည်။ ထိုကြောင့် ယခုနှစ်တွင်မွန်ပြည်နယ်၏ရော်ဘာဈေးနှုန်းများမှာ ယခင်နှစ်ကထက် ပိုမိုဈေးကောင်းနိုင်မည် ဖြစ်ကြောင်း ခန့်မှန်းနေကြသည်။ လက်ရှိမွန်ပြည်နယ်ရှိ ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းများအနေနှင့် မိုးတစ်ပြိုက်၊ နေတစ်ပြိုက် ရာသီဥတုအခြေအနေများကြောင့် မြေဆီလွှာများစိုစွတ်နေပြီး အစေးထွက်နှုန်း ကောင်းမွန်သော်လည်း အချိန်အခါမဲ့မိုးရွာသွန်းမှုများကြောင့် အစေးလှီးလုပ်ငန်းအချို့ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ကိုသာစစ်






အခြားဆက်စပ်သတင်းများ