နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်လာစျေး အတက် အကျမများစေရန် လေလံစနစ်ဖြင့် ဝယ်၊ ရောင်းလုပ်နေရခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ပြော

ရန်ကုန် နိုဝင်ဘာ ၁၀ 


ဗဟိုဘဏ်အနေဖြင့် လေလံစနစ်ဖြင့် ဒေါ်လာများ ဝယ်ယူ၊ ရောင်းချနေခြင်းသည် အချိန်တိုအတွင်း ဒေါ်လာ အတက်၊ အကျ မများစေရန်နှင့် နိုင်ငံခြားသုံး ရန်ပုံငွေကို ဖြည့်တင်းရန်အတွက်သာဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ ဈေးပြိုင်လေလံစနစ်ဖြင့် အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ ၄၃ သန်း ဝယ်ယူခဲ့ကြောင်း သိရသည်။

ဗဟိုဘဏ်သည် နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်က အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ သန်း၊ အောက်တိုဘာလ ၅ ရက်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း၊ အောက်တိုဘာလ ၆ ရက်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း၊ အောက်တိုဘာလ ၇ ရက်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း၊ အောက်တိုဘာလ ၈ ရက်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း၊ အောက်တိုဘာလ ၉ ရက်က အမေရိကန်ဒေါ်လာ ၇ ဒသမ ၇ သန်း၊ အောက်တိုဘာလ ၁၉ ရက်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်း၊ အောက်တိုဘာလ ၂၀ ရက်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၅ သန်း၊ အောက်တိုဘာလ ၂၃ ရက်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း၊ အောက်တိုဘာလ ၂၆ ရက်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်းနှင့် အောက်တိုဘာလ ၂၇ ရက်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၅ သန်း ဝယ်ယူခဲ့သည်။

ဗဟိုဘဏ်သည် နိုင်ငံခြားငွေ စျေးပြိုင် လေလံစနစ်ဖြင့် အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ ၄၃ သန်း ဝယ်ယူခဲ့သော်လည်း အောက်တိုဘာလ ၃၀ ရက်က ပြည်တွင်း ငွေလဲလှယ်နှုန်းမှာ ကျပ် ၁၃၀၀ အောက် ရောက်ရှိခဲ့ပြီး တစ်ဒေါ်လာလျှင် ၁၂၉၄ ကျပ်အထိ ကျဆင်းခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင် လေလံစနစ်ဖြင့်  အမေရိကန် ဒေါ်လာ ၄၄ ဒသမ ၂ သန်း ဝယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စာရင်းများအရ သိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ