နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မှ မြဝတီသို့ ကုန်စည်ပို့ဆောင်ရာတွင် အခက်အခဲတချို့ရှိနေ

ရန်ကုန် နိုဝင်ဘာ  ၁၀


ရန်ကုန်တိုင်းဒေသကြီးမှ မြဝတီသို့ ကုန်စည်ပို့ဆောင်ရာတွင် ဖြတ်ကျော်သွားရသည့် တချို့နေရာများရှိ စစ်ဆေးရေးဂိတ်များကြောင့် အခက်အခဲအနည်းငယ်ရှိကြောင်း ကုန်တင်ကား (၁၂ ဘီးကား)ယာဉ်မောင်း ဖြစ်သူ ကိုသိန်းသန်းအောင်က ပြောသည်။

COVID-19 ရောဂါအခြေအနေကြောင့် ပဲခူးတိုင်းနှင့်မွန်ပြည်နယ်ကြားတွင်လည်းကောင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကြားတွင်လည်းကောင်း ည ၁၀ နာရီမှ နံနက် ၇ နာရီထိ ပိတ်ထားခြင်းများရှိနေသည်ဟု ကိုသိန်းသန်းအောင်က ပြောသည်။

''ပိတ်ထားတာက ကြာတယ်။ COVID-19 စစ်တဲ့အခါမှာလည်း တစ်ခါစစ်ရင် ၇၂ နာရီ(သုံးရက်)ပဲ ခွင့်ပြုပေးထားတော့ သိပ်အဆင်မပြေဘူး။ ခဏခဏစစ်နေရတယ်။ တစ်ခါတလေ ရက်လွန်သွားတဲ့အခါမှာ လမ်းမှာစစ်ရတာတွေလည်းရှိတယ်''ဟု ယင်းက ပြောသည်။

ရန်ကုန်မှ မြဝတီသို့ ကုန်စည်ပို့ဆောင်ရာတွင် အမှန်တကယ်မောင်းချိန်မှာ ၁၀ နာရီခန့်သာ မောင်းရ သော်လည်း ယခုကဲ့သို့သော အခက်အခဲများကြောင့် ကုန်စည်အရောက်ပို့ဆောင်ရန် နှစ်ရက်ခန့် ကြာမြင့် လျက်ရှိသည် ဟု ကိုသိန်းသန်းအောင်က ပြောသည်။

ကုန်စည်ပို့ဆောင်ရာ၌ လမ်းတွင် ကုန်တင်ကုန်ချမလုပ်ဘဲ မြဝတီကို တိုက်ရိုက်မောင်းခြင်းဖြစ်ပြီး သက်ဆိုင်ရာ၏စစ်ဆေးချက် စာရွက်စာတမ်းအပြည့်အစုံဖြင့် မောင်းခြင်းဖြစ်သည့်အတွက် မည်သည့်အချိန်ပဲ ဖြစ်ဖြစ် ခွင့်ပြုပေးလျှင် ပိုမိုကောင်းမွန်သည်ဟု ယင်းက ပြောသည်။ 

ကုန်စည်စီးဆင်းမှုမပြတ်လပ်စေရေးအတွက် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်ရောဂါစစ်ဆေးခြင်းများကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် နေ့စဉ် နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၂ နာရီအတွင်း၌ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(KST)






အခြားဆက်စပ်သတင်းများ