နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မွန်ပြည်နယ်တွင် (မိုးစပါး)ကောက်စောစပါးများ စတင်ထွက်ရှိနေပြီဖြစ်သဖြင့် စပါးစျေးကွက် သွက်လက်လှုပ်ရှားလာ

မော်လမြိုင် နိုဝင်ဘာ ၉


မွန်ပြည်နယ်တွင် (မိုးစပါး) ကောက်စောစပါးများ စတင်ထွက်ရှိနေပြီဖြစ်သဖြင့် စပါးစျေးကွက်သွက် လက်လှုပ်ရှားလာကြောင်း ဒေသခံဆန်စပါးကုန်သည်များထံမှ သိရသည်။ မွန်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကုန်မှစတင်၍ မိုးစပါး(ကောက်စောစပါး)များ စတင်ထွက်ရှိနေပြီး စျေးကွက်သို့ တင်ပို့ ရောင်းချပေးနေခြင်းဖြစ်သည်။ 

ယခုနှစ် မွန်ပြည်နယ်၏ မိုးစပါးစိုက်ပျိုးမှုကဏ္ဍတွင် ဧက ၆၈၅၅၉၇ စိုက်ပျိုးဆောင်ရွက်ခဲ့ပြီး          အောက်တိုဘာလကုန်တွင်         ၁၈၃၃    ဧကအထိ   ရိတ်သိမ်းဆောင်ရွက်ပြီးဖြစ်ကာ ကျန်ဧကများကို ဆက်လက်ရိတ်သိမ်းဆောင်ရွက်နေသည်ဟု ပြောသည်။ လက်ရှိ  ရိတ်သိမ်းပြီး လယ်ယာမြေများတွင် တစ်ဧကလျှင် ပျမ်းမျှ ၆၂ တင်းကျော်ထွက်ရှိနေသဖြင့် စပါးတင်းပေါင်း တစ်သိန်းတစ်သောင်းကျော် ရိတ်သိမ်းပြီးဖြစ်နေသဖြင့် စျေးကွက်သို့ တင်ပို့ရောင်းချနေကြပြီဖြစ်သည်။ ထို့ကြောင့် ပြည်နယ်အတွင်းရှိ မြို့နယ်ဒေသများတွင် စပါးစျေးကွက်များ သွက်လက်လှုပ်ရှားလာခဲ့ခြင်းဖြစ်သည်။ လက်ရှိပြည်နယ် အတွင်းရှိ မြို့နယ်ဒေသများတွင် ဒေသတစ်ခုနှင့်တစ်ခု စျေးနှုန်းအနည်းငယ်ကွာခြားမှု ရှိနေသော်လည်း ပျမ်းမျှစျေးနှုန်းအနေနှင့် ပေါ်ဆန်းစပါး (အသစ်) ၄၆ ပေါင် တင်း၁၀၀လျှင် ငွေကျပ် ၆၄၄၀၀၀ ကျပ်၊ ပေါ်ဆန်း(ဆန်အသစ်)၂၄ ပြည်ပါတစ်အိတ်လျှင် ငွေကျပ်  ၃၁၅၀၀ကျပ်၊ ဧည့်မထ(စပါးအသစ်) ၄၆ ပေါင် တင်း ၁၀၀ လျှင် ငွေကျပ် ၅၂၄၄၀၀ ကျပ်နှင့် ဧည့်မထဆန်(အသစ်) ၂၄ ပြည်ပါတစ်အိတ်လျှင်ငွေကျပ်  ၂၂၀၀၀ စျေးနှုန်းပေါက်စျေးရှိသည်ဟု ပြောသည်။ 

ယခုနှစ်မိုးရာသီတွင် မွန်ပြည်နယ်တစ်ခုလုံး၏ မိုးစပါးစိုက်ဧက ၆၈၅၅၇၉ အနက် ၁၈၃၃ ဧက ရိတ်သိမ်းပြဖြစ်ကာ စပါးအထွက် ရာခိုင်နှုန်းမှာ တစ်ဧက ၆၂ ရာခိုင်နှုန်းကျော်ရှိနေသည်။ ထို့ကြောင့်      ပြည်နယ်အတွင်းတွင် မိုးစပါးတင်း ၁၁၃၈၄၁ ထွက်ရှိနေပြီဖြစ်သည်။ ဈေးနှုန်းအနေဖြင့် ပေါ်ဆန်းစပါး(အသစ်) ၄၆ ပေါင်တင်း ၁၀၀ လျှင် ငွေကျပ် ၆၄၄၀၀၀ ကျပ်၊ ပေါ်ဆန်း(ဆန်အသစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင်ငွေကျပ် ၃၁၅၀၀ ကျပ်၊ ဧည့်မထ(စပါးအသစ်) ၄၆ ပေါင်တင်း၁၀၀လျှင် ငွေကျပ် ၅၂၄၄၀၀ ကျပ်၊ ဧည့်မထဆန် (အသစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၂၂၀၀၀ ပေါက်စျေးရှိနေသည်ဟုဆိုသည်။ မွန်ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်သက်ဆိုင်ရာ အသင်းအဖွဲ့များမှ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါဆောင်ရွက်ပေးမှုများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ် ခဲ့သည့် လယ်ယာမြေများကို အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးသူတောင်သူ များအားလယ်ထွန်စက်အစီး ၅၀ ပံ့ပိုးဆောင်ရွက်ပေးခဲပြီး ရေကြီးနစ်မြုပ် လယ်ယာမြေ ၄၃၂ ဒသမ ၅ ဧက အတွက် ကောက်စိုက်စက်များနှင့် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင်လယ်ယာမြေ ၅၈၈ ဧကကို အဆင့်မြင့်လယ်ယာမြေများအဖြစ် ဖော်ထုတ်ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် ရေကြီးနစ်မြုပ်လယ်ယာ မြေများအတွက်မျိုးစပါးတင်းပေါင်း ၁၃၆၁၁ တင်းဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ