နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြဇီဒန်းအတွက် စိုးရိမ်စရာကနေ အလွန်စိုးရိမ်စရာကတော့ ကစားသမားနှစ်ဦး ကိုဗစ်ကူးစက်ခံရခြင်းပါ

နိုဝင်ဘာ  ၉


ယခုကာလအတွင်း ရီးရဲလ်တို့ရလဒ်ပိုင်းက ထူးခြားကောင်းမွန်ခြင်းမရှိပေမယ့် နိုင်သင့်တဲ့အသင်းတွေ ကိုတော့ အနိုင်ရနေခဲ့ပါတယ်။ အသင်းရလဒ်က အကောင်းကြီးမဟုတ်လေတော့ လာမယ့်ပွဲတွေမှာ ရလဒ်ကောင်းပါမှ နည်းပြဇီဒန်းအတွက် အခြေအနေကောင်းမှာပါ။ အသင်းမှာ ကာဗာဟယ်၊ အိုဒရီဇိုလာ၊ နာချိုတို့ ဒဏ်ရာကြောင့် အနီးဆုံးပွဲတွေလွဲချော်မှာပါ။ ဇီဒန်းအတွက်တော့ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို မနေ့ညနေက ထုတ်ပြန်ခဲ့တဲ့အသင်းရဲ့ ကြေညာချက်မှာ အီဒင်ဟာဇက်နဲ့ ကစ်စမဲရိုးတို့မှာ ကိုဗစ်ပိုးတွေ့ရှိ တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် စပိန် ဥပဒေအရ ၁၄ ရက်အနားယူရမှာပါ။ ရီးရဲလ်နဲ့လည်း အနီးဆုံး ကစားရမယ့်ပွဲတွေအပြင် နိုင်ငံတကာပွဲများပါမကျန် နိုဝင်ဘာလကုန်မှာ ကစားရမယ့် လာလီဂါနဲ့ ချန်ပီယံလိဂ် ပွဲစဉ်အချို့ပါ လွဲချော်ရမယ့်အခြေအနေရှိပါတယ်။ 

ရီးရဲလ်ရဲ့ထုတ်ပြန်ချက်မှာ “ရီးရဲလ်အဖွဲ့အစည်းအနေနဲ့ အီဒင်ဟာဇက်နဲ့ ကစ်မဲရိုးတို့ သောကြာနေ့ မနက်ပိုင်းမှာ ကိုဗစ်ပိုးတွေ့ကြောင်း အတည်ပြုလိုက်ပါတယ်။ အခြားဝန်ထမ်းနည်းပြအဖွဲ့ဝင်တွေ၊ ကစားသမား တွေမှာ မတွေ့ရသလို စနေနေ့ထပ်စစ်ရာမှာလည်း အဆိုပါကစားသမားနှစ်ဦးသာ တွေ့ရတာကြောင့် ကျန် ကစားသမားများ ကစားရန်အသင့်ရှိနေမှာပါ ”လို့ ဆိုပါတယ်။ 

ဟာဇက်ဟာ ဇူလိုင်လမှာ အသင်းနဲ့ ပွဲထွက်ခွင့် လွဲချော်ခဲ့ပြီး ၁၀ လအတွင်း ၃ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ကာ ခြေစွမ်းကောင်းရလာချိန် ကိုဗစ်ပိုးကူးစက်မှုကြောင့် အနားယူရဦးမှာဖြစ်ပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ