နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးအသင်းက ကွင်းလယ်ကစားသမား ဖိုဒင်ကို လုပ်ခလစာတိုးမြှင့်၍ စာချုပ်သစ်ချုပ်ဆိုမည်

နိုဝင်ဘာ  ၉


မန်စီးတီးအသင်းသည် ကွင်းလယ်ကစားသမားဖိုဒင်ကို လက်ရှိရရှိနေသည့် လုပ်ခလစာပမာဏ၏ သုံးဆ တိုးမြှင့်ပေးကာ စာချုပ်သစ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၀ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ဖိုဒင်သည် နည်းပြ ဂွါဒီယိုလာ၏ လက်အောက်တွင် အကောင်းဆုံးခြေစွမ်းပြနေသည့် ကစားသမားတစ်ဦးဖြစ်သည်။

ထို့ကြောင့် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ယင်းကို အသင်းတွင် ကာလရှည်ထိန်းသိမ်းသွားရန် ဆန္ဒရှိနေပြီး အသင်းဘုတ်အဖွဲ့ကလည်း နည်းပြ၏ဆန္ဒအတိုင်း ယင်းကို လုပ်ခလစာ သုံးဆ တိုးမြှင့်ပေးကာ စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်နေခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဖိုဒင်သည် မန်စီးတီးအသင်းနှင့်ချုပ်ဆိုထားသည့် စာချုပ်အရ တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၂၅,၀၀၀ ရရှိနေပြီး စာချုပ်သစ်ချုပ်ဆိုမည်ဆိုပါက လုပ်ခလစာ တစ်ပတ်လျှင် စတာလင်ပေါင် ၇၅,၀၀၀ ထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ