နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခြေလည်းကျွံမရ၊ လက်လည်းကျွံမရနဲ့ စည်းမျဉ်းအသစ်လား VAR ရယ်

နိုဝင်ဘာ  ၉


ပရီးမီးယားလိဂ်ရဲ့ ခရစ်တယ်လ်ပဲလေ့စ်နဲ့ လိဒ်အသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ လိဒ်တိုက်စစ်မှူး ပက်ထရစ်ဘမ်းဖို့ဒ်ဟာ ဂိုးတစ်ဂိုးသွင်းယူခဲ့ပေမယ့် ဘမ်းဖို့ဒ်ဟာ လက်ကျွံနေမှုကြောင့် ဒိုင်လူကြီးမိုက်ဒိန်းက လူကျွံဘောအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒီဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်လိုက်တာကြောင့် ဘောလုံးပွဲ တင်ဆက်သူ ရော်ဘီဆာဗေ့ချ်က ဘမ်းဖို့ဒ်ရဲ့ဂိုးကို လူကျွံဘောအဖြစ်သတ်မှတ်မှုကတော့ အဆိုးရွားဆုံး လူကျွံဘောသတ်မှတ်မှုပါလို့ ဆိုသွားပါတယ်။ ဘမ်းဖို့ဒ်ဟာ အမြဲလို သူဘောလုံးမရမီ ပေးပို့ စေချင်တဲ့ နေရာကို အချက်ပြရာမှာ လက်ထုတ်ပြလေ့ရှိပါတယ်။ VAR ပြန်ကြည့်လို့ရှိရင် ဘမ်းဖို့ဒ်ရဲ့ ခန္ဓာကိုယ်ဟာ လူကျွံခြင်းမရှိဘဲ သူ့ခြေထောက်တွေကလည်း ပဲလေ့စ်နောက်ခံလူတွေရဲ့ နောက်ဘက်မှာပါ။ ဒါပေမယ့် VAR က ဘမ်းဖို့ဒ်ရဲ့လက်ကြောင့် လူကျွံဘောသတ်မှတ်ခဲ့ပါတယ်။ 

ဘမ်းဖို့ဒ်က “စည်းမျဉ်းကို နားလည်လို့မရအောင် ဖြစ်နေပါတယ်။ လက်နဲ့ ဂိုးသွင်းလို့မရပါဘူး။ ဒါက လုံးဝ အဓိပ္ပါယ်မရှိပါဘူး။ အခု ကျွန်တော့်ကျမှ လာဖြစ်နေတယ်။ ဘောလုံးပွဲကို ဖျက်ဆီးလိုက်တယ်။ လူတွေက ဂိုးတွေမြင်ချင်ကြတာပါ။ ဒီလူမျိုးအရာအတွက် ဂိုးကိုခွင့်မပြုတာ ကြောင်တောင်တောင်နိုင်လွန်းလှပါတယ်”လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။                   (SO)






အခြားဆက်စပ်သတင်းများ